PSM (News)
ဩဂုတ် ၁၈၊ ၂၀၂၆

ရောမမြို့အပြင်ဘက်ရှိ ကတ်စတယ် ဂန်ဒေါလ်ဖိုတွင် မွန်းလွဲဆုတောင်းပွဲအပြီး၌ ပုပ်ရဟန်းမင်းကြီး လီယိုက ပါလက်စတိုင်းများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။

နက်ဘလူးမြို့ တောင်ဘက်ရှိ ကုစရာရွာ ဝိုင်းရံပိတ်ဆို့မှုနှင့် မာဆာဖာ ယက်တာဒေသ အယ်လ်-တူဘာရွာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကုစရာရွာတွင် ရေနှင့်မီးဖြတ်တောက်ကာ မြေယာသိမ်းပိုက်ရန် ဝိုင်းရံထားခဲ့ကြသည်။ အယ်လ်-တူဘာရွာတွင်လည်း ဩဂုတ်လ ၅ ရက်က နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ပုပ်ရဟန်းမင်းကြီးက “အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်း အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ထပ်မံတိုက်တွန်းပါတယ်” ဟု မိန့်ကြားခဲ့သည်။

ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေးအတွက် နှစ်နိုင်ငံဖြေရှင်းချက်ကို ရှေ့တိုးဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ကိုးကား-The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *