PSM(NEWS)

မတ် ၄၊ ၂၀၂၆

ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့ရှိ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုအပေါ် သက်ရောက်နိုင်ခြေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ၎င်း၏ စွမ်းအင်ဖူလုံရေးကို အာမခံနိုင်ရန် လိုအပ်သည့် အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“စွမ်းအင်ဖူလုံရေးဟာ ကမ္ဘာ့စီးပွားရေးအတွက် အလွန်အရေးကြီးပါတယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ တည်ငြိမ်ချောမွေ့တဲ့ စွမ်းအင်ထောက်ပံ့မှုဖြစ်အောင် အာမခံပေးသင့်ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာဆက်ဆံရေးတွင် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့်လုံခြုံရေးကို ထိပါးစေသည့် အင်အားသုံးဖြေရှင်းမှုများကို တရုတ်နိုင်ငံကပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းလည်း မော်နင်းက ထည့်သွင်းပြောကြားခဲ့သည်။

ကိုးကား Reuters

#အမေရိကန်

#စစ်ရေးလှုပ်ရှားမှု

#တရုတ်

#စွမ်းအင်ဖူလုံရေး

#သတင်းစာရှင်းလင်းပွဲ

#PSM_News

By Htet Ko