PSM (NEWS) မတ် ၄၊ ၂၀၂၆ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများ အပြီးတွင် မဟာမိတ်နိုင်ငံများက အကူအညီ တောင်းခံလာပါက ကာကွယ်ပေးရန် ပြင်သစ်နိုင်ငံမှာ အသင့်ရှိနေကြောင်းနှင့် ကြားဝင် ဆောင်ရွက်ပိုင်ခွင့်ကိုလည်း ထိန်းသိမ်းထားကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းနိုရယ်ဘာရော့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “ဒီစစ်ပွဲဟာ ကျွန်တော်တို့နဲ့ ဆက်ဆံရေးရှိတဲ့၊ ကာကွယ်ရေး သဘောတူညီချက်တွေရှိတဲ့၊ စစ်အခြေစိုက်စခန်းတွေ အပါအဝင် အကျိုးစီးပွားတွေရှိတဲ့ ဒေသတွင်း နိုင်ငံအများအပြားကို ပဋိပက္ခထဲဆွဲသွင်းနေပါတယ်” ဟု ယန်းနိုရယ်ဘာရော့က ပြင်သစ်ရုပ်သံလိုင်း BFM TV သို့ ပြောကြားခဲ့သည်။ ထို့အပြင် ဒေသတွင်းရှိ ပြင်သစ် စစ်အခြေစိုက်စခန်းများ၏ ဝေဟင်လုံခြုံရေးအတွက် ပြင်သစ်ရာဖေးလ်တိုက်လေယာဉ်များဖြင့် လေကြောင်းစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ လက်ရှိတွင် အရှေ့အလယ်ပိုင်း အကျပ်အတည်းဖြစ်ပွားရာ နိုင်ငံများ၌ ပြင်သစ်နိုင်ငံသား ၄၀၀,၀၀၀ ခန့် ရှိနေပြီး အန္တရာယ်အရှိဆုံးသူများကို အရပ်ဘက်နှင့် စစ်ဘက်လေယာဉ်များ အသုံးပြုကာ ပြန်လည်ခေါ်ယူရန် အစိုးရက အသင့်ပြင်ထားကြောင်း သိရသည်။ ကိုးကား Reuters #PSM_News #မဟာမိတ်နိုင်ငံ #ပြင်သစ် #နိုင်ငံခြားရေးဝန်ကြီး #စစ်ဘက်လေယာဉ် #ပြန်လည်ခေါ်ယူ Post navigation အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများ နောက်ပိုင်း စွမ်းအင်ဖူလုံရေးအတွက်ဆောင်ရွက်သွားမည်ဟု တရုတ် ကတိပြု အီရန်အပေါ် အမေရိကန်တိုက်ခိုက်မှုကြောင့် တရုတ်နှင့် ဆက်ဆံရေး တင်းမာလာ