PSM(NEWS)

မတ် ၄၊ ၂၀၂၆

မြေထဲပင်လယ်အတွင်း မော်လ်တာကျွန်း သို့မဟုတ် လစ်ဗျားကမ်းရိုးတန်းအနီးတွင်ရုရှားအလံလွှင့်ထူထားသော “Arctic Metagaz” အမည်ရှိသဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘောတစ်စင်း တနင်္လာနေ့အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောသည် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် ရုရှားအသုံးပြုနေသည့် “မှောင်ခိုသင်္ဘောအုပ်စု” တွင် ပါဝင်သည်ဟု ယူဆရသည်။

ယူကရိန်းရေတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မီးလောင်ရခြင်းဖြစ်နိုင်သည်ဟု ပင်လယ်ရေကြောင်း သတင်းရင်းမြစ်အချို့က ဆိုသော်လည်းအတည်မပြုနိုင်သေးသလို၊ ယူကရိန်းစစ်တပ်ဘက်မှလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ကိုးကား Reuters

#ရုရှား

#မှောင်ခိုရေနံတင်သင်္ဘော

#မြေထဲပင်လယ်

#ဒရုန်း

#တိုက်ခိုက်

#PSM_News

By Htet Ko

You missed