PSM၊(NEWS) မတ် ၃၊ ၂၀၂၆ အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်အပေါ် စစ်ဆင်ရေးသည် တနင်္လာနေ့တွင် အရှိန်အဟုန် မြင့်တက်ခဲ့ပြီး ဒေသတွင်း နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့က စစ်ပွဲအတွင်း ပါဝင်လာသကဲ့သို့၊ ဆိုက်ပရပ်စ်ရှိ ဗြိတိန်လေတပ်စခန်းလည်း ပစ်မှတ်ထား ခံခဲ့ရသည်။ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ သတ်ဖြတ်ခံရပြီးနောက် သုံးရက်မြောက်နေ့တွင် တီဟီရန်မြို့သည် ဆက်လက်တိုက်ခိုက်ခံနေရပြီး အိုမန်ကမ်းလွန်တွင် ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ မြင့်တက်လာသည်။ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)၏ ပြောကြားချက်အရ အမေရိကန် F15e တိုက်လေယာဉ် သုံးစင်းသည် ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် မှားယွင်းပစ်ချ ခံခဲ့ရသည်။ အီရန်ဘက်က တုံ့ပြန်မှုများ ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန်နှင့် အစ္စရေးတို့ကလည်း ၎င်းတို့၏ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာထားသည်။ ကိုးကား AFP #ဟစ်ဇ်ဘိုလာ #အမေရိကန်_အစ္စရေး #လေကြောင်းရန်ကာကွယ်ရေးစနစ် #အီရန်စစ်ပွဲ #အရှိန်အဟုန်မြင့် #PSM_News Post navigation အီရန်ခေါင်းဆောင် သေဆုံးပြီးနောက် ဂျာမန်ဝန်ကြီးချုပ် ဝါရှင်တန်သို့သွားရောက်၊ ထရမ့်နှင့် တွေ့ဆုံရန် ပြင်ဆင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများ နောက်ပိုင်း စွမ်းအင်ဖူလုံရေးအတွက်ဆောင်ရွက်သွားမည်ဟု တရုတ် ကတိပြု