Category: international news

အမေရိကန်လေယာဉ်တင်သင်္ဘော Ford ပြုပြင်ထိန်းသိမ်းရန် ခရိုအေးရှားသို့ ဆိုက်ရောက်

PSM(NEWS) မတ် ၂၉၊၂၀၂၆ အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည့် အမေရိကန်လေယာဉ်တင်သင်္ဘော Gerald R. Fordသည်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက်ခရိုအေးရှားနိုင်ငံ၊ အဒြီယက်တစ်ပင်လယ်ရှိ စပလစ်ဆိပ်ကမ်းသို့ စနေနေ့တွင် ဆိုက်ကပ်ခဲ့သည်။ အမေရိကန်၏ အသစ်ဆုံးနှင့် ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် Ford သည် ပင်လယ်နီအတွင်း Operation Epic Furyစစ်ဆင်ရေးကိုကူညီဆောင်ရွက်နေစဉ် မတ်လ ၁၂ ရက်နေ့က သင်္ဘော၏ အဝတ်လျှော်ခန်းတွင်…

လက်ဘနွန်သတင်းထောက် ၃ ဦး အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးကြောင်း Al Manar TV ထုတ်ပြန်

PSM(NEWS) မတ် ၂၉၊၂၀၂၆ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ မော်တော်ယာဉ်တစ်စီးကို အစ္စရေးက တိုက်ခိုက်ခဲ့ရာ လက်ဘနွန်သတင်းထောက် သုံးဦး သေဆုံးသွားကြောင်း လက်ဘနွန်အခြေစိုက် Al Manar TV သတင်းဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း Al Manar သတင်းဌာနမှ သတင်းထောက်အလီရှာအစ်ဗ် နှင့် Al Mayadeen သတင်းဌာနမှ သတင်းထောက်ဖာတီးမားဖတူနီတို့သည် ၎င်းတို့စီးနင်းလာသည့် ယာဉ်ထိမှန်မှုကြောင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ဖာတီးမားဖတူနီ၏မောင်ဖြစ်သူကင်မရာမန်းမိုဟာမက်ဖတူနီလည်းအဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း…

အီရန်စစ်ပွဲ အခြေအနေနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

PSM(NEWS) မတ် ၂၈၊ ၂၀၂၆ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ် နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ တို့သည် သောကြာနေ့တွင် တွေ့ဆုံကာ အီရန်စစ်ပွဲအား သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ “အမေရိကန်-အစ္စရေးတို့ရဲ့ အကြောင်းမဲ့ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်းဒေသက အခက်ခဲဆုံး စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို…

ဟော်မုဇ်ရေလက်ကြား ကုန်သွယ်ရေးလမ်းကြောင်း ဘေးကင်းလုံခြုံစေရန် ကုလသမဂ္ဂမှ ယန္တရားတစ်ခု ဖော်ဆောင်မည်

PSM(NEWS) မတ် ၂၈၊ ၂၀၂၆ အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် အစားအစာ ပြတ်လပ်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်သွယ်မှုများ ဆက်လက်စီးဆင်းနိုင်စေရန် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားလိုက်သည်။ “ဒီစစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျော့ပါးသက်သာစေဖို့အတွက် အရေးပေါ်အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူးဂျရစ်…

အာတီမစ် (Artemis) လကမ္ဘာခရီးစဉ်အတွက် အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့ (NASA) ၏ အာကာသယာဉ်မှူးများ နောက်ဆုံးအဆင့် ပြင်ဆင်မှုများ စတင်

PSM(NEWS) မတ်လ ၂၈၊ ၂၀၂၆ အမေရိကန်အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့ (NASA) ၏ အာကာသယာဉ်မှူးများသည် လကမ္ဘာသို့ သွားရောက်မည့် သမိုင်းဝင် အာတီမစ် (Artemis) ခရီးစဉ်အတွက် နောက်ဆုံးအဆင့် လေ့ကျင့်မှုများနှင့်ပြင်ဆင်မှုများကိုစတင်လုပ်ဆောင်နေပြီဖြစ်သည်။ အဆိုပါမစ်ရှင်သည်ဆယ်စုနှစ်များစွာအတွင်းလူသားများကိုလကမ္ဘာမျက်နှာပြင်ပေါ်သို့ပြန်လည်စေလွှတ်နိုင်ရန်ရည်ရွယ်သည့်အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်သည်။ လက်ရှိတွင်အာကာသယာဉ်မှူးများသည်ခရီးစဉ်အတွင်းကြုံတွေ့ရနိုင်သည့် အခြေအနေများအတွက် အထူးကြပ်မတ်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ကိုးကား Reuters

မွန်ဂိုလီးယား ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများ ဖော်ပြ

PSM(NEWS) မတ် ၂၈၊၂၀၂၆ မွန်ဂိုလီးယား ဝန်ကြီးချုပ် ဇန်ဒန်ရှတာ ဂွန်ဘိုဂျပ် သည် အုပ်ချုပ်သူ မွန်ဂိုလီးယား ပြည်သူ့ပါတီထံသို့ နုတ်ထွက်စာ တင်ပြထားကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV က သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ကိုးကား Reuters

ဆွေးနွေးမှုများ“အဆင်ပြေနေသည်” ဟု ထရမ့် ပြောဆိုသော်လည်း အီရန်က အရပ်သားများကို သတိပေးချက်ထုတ်ပြန်

PSM(NEWS) မတ်လ ၂၈ ၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တစ်လကြာဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန်ဆွေးနွေးမှုများ “အဆင်ပြေချောမွေ့နေသည်” ဟု ပြောကြားလိုက်သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အရှေ့အလယ်ပိုင်းတစ်လွှားရှိ အရပ်သားများအနေဖြင့်အမေရိကန်တပ်ဖွဲ့များရှိရာနေရာများနှင့် ဝေးဝေးတွင်နေကြရန်သောကြာနေ့တွင်သတိပေးချက်ထုတ်ပြန်ကာ တုံ့ပြန်လိုက်သည်။ ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ပေးရန်သို့မဟုတ်အီရန်၏စွမ်းအင်ကဏ္ဍဆိုင်ရာပိုင်ဆိုင်မှုများဖျက်ဆီးခံရမည့်ဘေးနှင့် ရင်ဆိုင်ရန် တီဟီရန်အစိုးရအား ထရမ့် က ပေးထားသည့်နောက်ဆုံးသတ်မှတ်ရက်ကို ဧပြီလ ၆ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပြီးနောက် အဆိုပါသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီ၂၈ရက်တွင်အမေရိကန်နှင့်အစ္စရေးတို့ကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲသည်…

အီရန်နှင့်စစ်ပွဲအတွင်း အမေရိကန်ကတိုမာဟော့ခ်ဒုံးကျည် ရာနှင့်ချီ အသုံးပြုနေမှုအပေါ် ပင်တဂွန်စိုးရိမ်နေ

PSM(NEWS) မတ်လ ၂၈၊၂၀၂၆ အမေရိကန်စစ်တပ်သည် အီရန်နှင့် လေးပတ်ကြာ ဖြစ်ပွားနေသော စစ်ပွဲအတွင်းတိုမာဟော့ခ်ခရုစ်ဒုံးကျည် ပေါင်း ၈၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ တိကျသေချာသည့် လက်နက်များကို အရှိန်အဟုန်ဖြင့် အသုံးပြုနေမှုအပေါ် ပင်တဂွန် စစ်ဌာနချုပ် အရာရှိအချို့က စိုးရိမ်မကင်းဖြစ်နေပြီး လက်နက်အင်အား ထပ်မံဖြည့်တင်းနိုင်ရေးအတွက် ပြည်တွင်း၌ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။…

ဟော်မုဇ်ရေလက်ကြားအနာဂတ်လုံခြုံရေးမစ်ရှင်အတွက်နိုင်ငံပေါင်း၃၅နိုင်ငံနှင့်ပြင်သစ်ဆွေးနွေးမှုများပြုလုပ်

PSM(NEWS) မတ်၂၇၊ ၂၀၂၆ အမေရိကန်-အစ္စရေးနှင့် အီရန် တို့အကြား ဖြစ်ပွားနေသောစစ်ပွဲအပြီးတွင်ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မိတ်ဖက်နိုင်ငံများနှင့် အဆိုပြုချက်များရရှိရန် ပြင်သစ်စစ်ဘက်ဆိုင်ရာ အကြီးအကဲသည် ကြာသပတေးနေ့တွင် နိုင်ငံပေါင်း ၃၅နိုင်ငံခန့်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းပြင်သစ်အစိုးရက ပြောကြားခဲ့သည်။ အမေရိကန်၏အနောက်အုပ်စုမဟာမိတ်များက လက်ရှိဖြစ်ပွားနေသောပဋိပက္ခတွင်ပါဝင်မည်မဟုတ်ကြောင်းပြောကြားထားသော်လည်း၊တိုက်ပွဲများပြီးဆုံးသွားသည့်တိုင်ကမ္ဘာ့ရေနံထောက်ပံ့မှုငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ၎င်းရေလမ်းကြောင်းကိုအီရန်ကဆက်လက်ခြိမ်းခြောက်နေမည်ကို စိုးရိမ်သောကြောင့်ယခုကဲ့သို့ကန့်လန့်ကာနောက်ကွယ်မှပြင်ဆင်မှုများပြုလုပ်လာခြင်းဖြစ်သည်။ အီရန်ကအမေရိကန်နှင့်အစ္စရေးတို့၏ပဋိပက္ခအတွင်းကုန်တင်သင်္ဘောများကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းထိုဒေသအတွင်းရေကြောင်းသွားလာမှုမှာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်လက်နက်ကိုင်တပ်ဖွဲ့များဦးစီးချုပ်ဖေဘီယန်မန်ဒွန်နှင့်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ဆွေးနွေးခဲ့သည့်နိုင်ငံအမည်များကိုထည့်သွင်းဖော်ပြခြင်းမရှိသော်လည်းတိုက်ကြီးအားလုံးမှနိုင်ငံများပါဝင်ကြောင်း ဖော်ပြထားသည်။ ရင်းမြစ်များ၏အဆိုအရဤဆွေးနွေးမှုများသည် အကျပ်အတည်းအပေါ် နိုင်ငံအသီးသီး၏ အမြင်များကိုသိရှိရန်နှင့်နောင်တွင်ဆောင်ရွက်မည့်မစ်ရှင်ပုံစံအတွက်အကြံဉာဏ်များရယူရန်ဖြစ်ကြောင်း သိရသည်။…

အီရန်နှင့် ပဋိပက္ခအတွင်း မောင်းသူမဲ့ ဒရုန်းစပိဘုတ်များကို အမေရိကန် စတင်အသုံးပြု

PSM(NEWS) မတ် ၂၇ ၊ ၂၀၂၆ အမေရိကန် ပြည်ထောင်စုသည် အီရန်ကိုဆန့်ကျင်တိုက်ခိုက်နေသည့်စစ်ဆင်ရေးများတွင်ကင်းလှည့်ရန်အတွက်မောင်းသူမဲ့ဒရုန်းစပိဘုတ်များ (Uncrewed Drone Speedboats)ကိုစတင်အသုံးပြုနေပြီဖြစ်ကြောင်း ပန်တဂွန် စစ်ဌာနချုပ်ကအတည်ပြုလိုက်သည်။ ၎င်းသည် ဖြစ်ပွားနေသော ပဋိပက္ခတစ်ခုအတွင်းဝါရှင်တန်အနေဖြင့်ယခုကဲ့သို့သောရေယာဉ်များကိုအသုံးပြုကြောင်းပထမဆုံးအကြိမ်ဝန်ခံလိုက်ခြင်းလည်းဖြစ်သည်။ “ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တင်မ် ဟော့ကင်း က “Operation Epic Fury” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတွင် Global Autonomous…