PSM (NEWS)

မေ ၁၅၊ ၂၀၂၆

ဥရောပနိုင်ငံများ၏ စစ်ရေးအသုံးစရိတ် မြင့်တက်လာခြင်းသည် သံတမန်ရေးရာကို သစ္စာဖောက်ရာရောက်ပြီး လုံခြုံရေးကို အထောက်အကူမပြုဘဲ တင်းမာမှုများကိုသာ တိုးပွားစေကြောင်း ပုပ်ရဟန်းမင်းကြီး လီယို က ကြာသပတေးနေ့တွင် ပြစ်တင်ဝေဖန်လိုက်သည်။ ရောမမြို့ရှိ ဆာပီယန်ဇာ တက္ကသိုလ် တွင် မိန့်ခွန်းပြောကြားရာ၌ ရဟန်းမင်းကြီးက ယခုကဲ့သို့ လက်နက်အင်အား တိုးချဲ့မှုကို ‘ကာကွယ်ရေးအသုံးစရိတ်’ ဟု မခေါ်ဆိုသင့်ကြောင်းနှင့် ယင်းသည် အခြေခံလူတန်းစားများ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဆင်းရဲနွမ်းပါးစေကာ အထက်တန်းလွှာ လူနည်းစုကိုသာ ချမ်းသာစေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ဖိအားပေးမှုကြောင့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများ၏ စစ်စရိတ်မှာ ၂၀၂၅ ခုနှစ်အတွင်း ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၆၄ ဘီလီယံအထိ ရှိလာခဲ့သည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက စစ်ပွဲများတွင် ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုလာမှုအပေါ် “လူမဆန်သော ဆင့်ကဲပြောင်းလဲမှု” ဟု သတိပေးခဲ့ပြီး ယူကရိန်း၊ ဂါဇာ၊ လက်ဘနွန်နှင့် အီရန်ပဋိပက္ခများသည် ပျက်စီးခြင်းသံသရာသို့ ဦးတည်နေကြောင်း မိန့်ကြားခဲ့သည်။ ထို့အပြင် ကျောင်းသားများအနေဖြင့် အမျိုးသားရေးဝါဒများနှင့် နယ်နိမိတ်များအတွင်း ပိတ်မိမနေဘဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများဖြစ်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *