PSM NEWS

မေ ၁၃၊ ၂၀၂၆

၂၀၂၄ ခုနှစ်က လူ ၆ ဦးသေဆုံးစေခဲ့သည့် ဘော်လ်တီမိုးမြို့ရှိ Francis Scott Keyတံတားပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍အမေရိကန်အစိုးရရှေ့နေများကသင်္ဘောလုပ်ငန်းကုမ္ပဏီများနှင့်အဓိကတာဝန်ရှိသူတစ်ဦးကို တရားစွဲဆိုလိုက်သည်။

တရားစွဲခံရသူများမှာစင်ကာပူအခြေစိုက် Synergy Marine နှင့် အိန္ဒိယအခြေစိုက် Synergy Maritime ကုမ္ပဏီများအပြင် ဒါလီ သင်္ဘော၏နည်းပညာကြီးကြပ်မှူး အိန္ဒိယနိုင်ငံသား ကာသီနား တို့ ဖြစ်သည်။

စွဲချက်များများမှာ ပူးပေါင်းကြံစည်မှု၊ သင်္ဘော၏အန္တရာယ်ရှိသောအခြေအနေကိုသိလျက်နှင့် ကမ်းခြေစောင့်တပ်သို့ အကြောင်းကြားရန် ပျက်ကွက်မှုနှင့် စုံစမ်းစစ်ဆေးရေးကို အဟန့်အတားပြုမှုတို့ ပါဝင်သည်။

သင်္ဘောဆိပ်ကမ်းမှ မထွက်ခွာမီကပင် စနစ်ပိုင်းဆိုင်ရာပြဿနာများကို သိရှိခဲ့သော်လည်း မှားယွင်းသောဆုံးဖြတ်ချက်များကြောင့် တံတားကိုဝင်တိုက်ကာ အလုပ်သမား ၆ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးချက်များအရ သင်္ဘောအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ကြိုတင်ကာကွယ်နိုင်သော အခြေအနေဖြစ်ကြောင်း တွေ့ရှိရသည်။

ကိုးကား-AP

By Htet Ko

You missed