PSM (NEWS)

မေ ၁၃၊ ၂၀၂၆

နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဇမ်ဖာရာပြည်နယ်ရှိလူစည်ကားရာဈေးတစ်ခုအတွင်းစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား အနည်းဆုံး၁၀၀ဦးသေဆုံးခဲ့ကြောင်း Amnesty Internationalကထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေနေ့က တွန်ဖာ ဈေးကို စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့်ကလေးငယ်များ ဖြစ်သည်။

စစ်တပ်ကချက်ချင်းမှတ်ချက်မပေးသော်လည်း ယခင်ကမူ စစ်သွေးကြွများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ငြင်းဆိုလေ့ရှိသည်။

တစ်လအတွင်းလူစည်ကားရာဈေးများ တိုက်ခိုက်ခံရသည့် ဒုတိယမြောက်ဖြစ်စဉ်ဖြစ်ပြီး စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့်အရပ်သားသေဆုံးမှုမြင့်တက်လာခြင်းအပေါ်လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာဝေဖန်နေကြသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ အများအပြားကို အနီးနားရှိ ဆေးရုံများတွင်ပို့ဆောင်ကုသပေးနေရသည်။

ကိုးကား -Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *