PSM (NEWS) ဇွန် ၁၂၊ ၂၀၂၆ မလေးရှားနိုင်ငံ၊ ပါဆာဂူဒန်း ရှိ စက်ရုံတစ်ရုံတွင် စက်မှုသုံးဓါတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီးနောက် လိမ္မော်ရောင်အငွေ့တန်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်မှာ စွန့်ပစ်နိုက်ထရစ်အက်ဆစ် ယများ သိုလှောင်ထားသော လီတာ ၁၀၀ ဆံ့ စက်မှုသုံးကန်မှ ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ဂျိုဟိုးမီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ထားသည်။ ယင်းယိုစိမ့်မှုမှုကြောင့် ထွက်ပေါ်လာသော လိမ္မော်ရောင်အငွေ့တန်းများကို စင်ကာပူနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများမှ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မြင်တွေ့ခဲ့ရသည်။ ဂျိုဟိုးမီးသတ်နှင့် ကယ်ဆယ်ရေးဌာန၏ အန္တရာယ်ရှိပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူများသည် ယိုစိမ့်နေသော ကန်ကို အနီးရှိ အဆောက်အအုံသို့ ရွှေ့ပြောင်းပြီး ဓါတ်ငွေ့များကို ကြားခံဓါတ်ပြုစေသည့် စက် (scrubber system) ဖြင့် ထိန်းချုပ်ကာ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်။ စွန့်ပစ်နိုက်ထရစ်အက်ဆစ်မှာ ပြင်းထန်သော အပူလောင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲများကို ဖြစ်စေနိုင်သည့် အန္တရာယ်ရှိ စက်မှုစွန့်ပစ်ပစ္စည်းဖြစ်သည်။ သို့သော် ဂျိုဟိုးပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများကမူ ယိုစိမ့်မှုသည် ခဏတာသာဖြစ်ပြီး ပြည်သူများအတွက် ချက်ချင်းအန္တရာယ်ဖြစ်စေနိုင်သည့် အနေအထားမျိုး မရှိကြောင်းနှင့် စိုးရိမ်ရသည့် ဓါတ်ငွေ့ပမာဏများလည်း တွေ့ရှိရခြင်း မရှိကြောင်း အတည်ပြုပြောကြားသည်။ အာဏာပိုင်များက ပြည်သူများအနေဖြင့် ထိတ်လန့်မှုမဖြစ်စေရန်အတွက် အတည်မပြုရသေးသော သတင်းအချက်အလက်များကို မဖြန့်ဝေကြရန် တိုက်တွန်းထားသည်။ ကိုးကား-CNA Post navigation ပြင်သစ်အဆိုတော် ပက်ထရစ် ဘရူးလ်အား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများဖြင့် တရားဝင် စုံစမ်းစစ်ဆေးနေ