PSM (NEWS)

ဇွန် ၁၀၊ ၂၀၂၆

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူးမြို့ရှိ တိုက်ခန်းတစ်ခုတွင် ဇွန်လ (၇) ရက်၊ တနင်္ဂနွေနေ့က ကလေးငယ်နှစ်ဦး တိုက်ခန်း (၁၂) ထပ်မှ ပြုတ်ကျခဲ့သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်မှာ အခင်းဖြစ်ပွားသည့်နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရပြီး၊ သူမ၏ အစ်ကိုဖြစ်သူ အသက် (၁၀) နှစ်အရွယ် ကလေးငယ်မှာမူ ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသမှု ခံယူနေရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် (၃၇) နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူ မိခင်တစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာ ဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ကိုးကား-Malaysia Today

By Htet Ko