PSM (NEWS) ဇွန် ၁၂၊ ၂၀၂၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို ဂျူနီယာ အား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်လိုက်ကြောင်း သိရသည်။ တရုတ်နိုင်ငံအပေါ် အမှားအယွင်းရှိသော ပြောဆိုမှုများကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်း၊ တရုတ်နိုင်ငံ၏ တရားဝင်အကျိုးစီးပွားများကို ထိခိုက်စေခြင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေခြင်းတို့ကြောင့် ၎င်းအား အရေးယူခြင်းဖြစ်ကြောင်း ဘေဂျင်းက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံရဲ့ အမျိုးသားအချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ တီအိုဒိုရို၊ သူ့ရဲ့ဇနီးနဲ့ သားသမီးတွေကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကိုးကား-SCMP Post navigation Hengli သည် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် အနောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံများကို ရှာဖွေနေ ပြင်သစ်အဆိုတော် ပက်ထရစ် ဘရူးလ်အား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများဖြင့် တရားဝင် စုံစမ်းစစ်ဆေးနေ