international news ရုရှားသည် ယူကရိန်းကို ‘အိုရက်ရှ်နစ်’ ဒုံးကျည်ဖြင့် ပစ်ခတ်၊ ကိယက်ဗ်မြို့ကို စစ်ပွဲစတင်ချိန်မှစ၍ အပြင်းထန်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုအဖြစ် လုပ်ဆောင် May 25, 2026 Htet Ko PSM(NEWS) မေ ၂၅၊၂၀၂၆ ရုရှားနိုင်ငံသည် တနင်္ဂနွေနေ့တွင် ကိယက်ဗ်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ဒရုန်းများနှင့် ဒုံးကျည်ရာနှင့်ချီ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် လေးနှစ်ကြာမြင့်ပြီဖြစ်သည့် စစ်ပွဲစတင်ချိန်မှစ၍ ကိယက်ဗ်မြို့ကို ပစ်မှတ်ထားသည့် အပြင်းထန်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်ပြီး မြို့တော်အနီးတွင် ‘အိုရက်ရှ်နစ်’ ဟိုက်ပါဆိုးနစ်ဒုံးကျည်ကိုလည်း အသုံးပြုခဲ့သည်။ ယူကရိန်းအရာရှိများ၏ အဆိုအရ ရုရှား၏ နာရီပေါင်းများစွာ ကြာမြင့်ခဲ့သော ညတွင်းချင်း တိုက်ခိုက်မှုကြောင့် လူလေးဦး…
international news အီရန်နိုင်ငံသည် ၎င်း၏ အဆင့်မြင့်ကြွယ်ဝသော ယူရေနီယမ်သိုလှောင်မှုကို လွှဲပြောင်းပေးရန် သဘောတူညီချက်မရှိသေးကြောင်း အီရန်အဆင့်မြင့်သတင်းရင်းမြစ်က ပြောကြား May 25, 2026 Htet Ko PSM(NEWS) မေလ ၂၅၊၂၀၂၆ အီရန်နိုင်ငံသည်၎င်း၏အဆင့်မြင့်ကြွယ်ဝသော ယူရေနီယမ်သိုလှောင်မှုကို လွှဲပြောင်းပေးရန် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိထားခြင်းမရှိကြောင်း အီရန်နိုင်ငံ၏အဆင့်မြင့်သတင်းရင်းမြစ်တစ်ခုကတနင်္ဂနွေနေ့တွင်ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုသတင်းရင်းမြစ်၏အဆိုအရအီရန်၏နျူကလီးယားကိစ္စရပ်မှာအမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုထားသည့် ပဏာမသဘောတူညီချက်၏အစိတ်အပိုင်း မဟုတ်ကြောင်း သိရသည်။ “နျူကလီးယားကိစ္စရပ်ကိုနောက်ဆုံးသဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးမှုများတွင်သာထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး၊လက်ရှိသဘောတူညီချက်တွင် ပါဝင်ခြင်းမရှိပါ။ အီရန်၏ အဆင့်မြင့်ကြွယ်ဝသောယူရေနီယမ်သိုလှောင်မှုကိုနိုင်ငံပြင်ပသို့ပို့ဆောင်ရန်အတွက် မည်သည့်သဘောတူညီချက်မျှ မရှိပါ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ကိုးကား-Reuters
international news ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ရထားနှင့်ဘတ်စ်ကားတိုက်မိမှုကြောင့် လူ ၈ ဦး သေဆုံး May 17, 2026 Htet Ko PSM (NEWS) မေ ၁ရ၊ ၂၀၂၆ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် စနေနေ့က ကုန်တင်ရထားတစ်စင်းနှင့် ဘတ်စ်ကားတစ်စီး ပြင်းထန်စွာ တိုက်မိခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး၃၅ဦးဒဏ်ရာရရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ အဆိုပါ မတော်တဆမှုသည် မွန်းလွဲပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ပိုင် ဘတ်စ်ကားသည် မီးနီမိနေစဉ် ရထားသံလမ်းပေါ်၌ပိတ်မိနေခဲ့ကြောင်းပဏာမစုံစမ်းစစ်ဆေးချက်များအရ သိရသည်။ ထို့ကြောင့် ရထားလမ်းအတားအဆီးကိုချ၍မရခဲ့ဘဲ ဝန်အလွန်လေးလံနေသည့် ကွန်တိန်နာတင်ရထားသည်လည်း အချိန်မီဘရိတ်အုပ်ရပ်တန့်နိုင်ခြင်း မရှိဘဲ…
international news အာဖရိကတွင် IS ၏ ဒုတိယခေါင်းဆောင်ကြီးကို အမေရိကန်နှင့် နိုင်ဂျီးရီးယားတပ်ဖွဲ့များ ပူးပေါင်းချေမှုန်း May 17, 2026 Htet Ko PSM (NEWS) မေ ၁၇၊ ၂၀၂၆ အစ္စလာမစ်နိုင်ငံတော် (IS) အဖွဲ့၏ ဒုတိယအဆင့်အမြင့်ဆုံး အမိန့်ပေးစေခိုင်းသူ အဘူ-ဘီလယ်လ် အယ်လ်-မီနူကီ ကို နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းရှိ ၎င်း၏အခြေစိုက်စခန်း၌ အမေရိကန်နှင့်နိုင်ဂျီးရီးယားပူးပေါင်းတပ်ဖွဲ့များက စနေနေ့တွင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်င့် နိုင်ဂျီးရီးယားသမ္မတ ဘိုလာ အာမက် တီနူဘူး တို့က ယခုစစ်ဆင်ရေးကိုအတည်ပြုခဲ့ပြီး၊သတင်းမြစ်များ၏တိကျသောထောက်လှမ်းမှုဖြင့် ဝေဟင်-မြေပြင် ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အလွန်အောင်မြင်သောအကြမ်းဖက်မှုတိုက်ဖျက်ရေးမစ်ရှင်တစ်ခုဖြစ်ကြောင်း…
international news မော်လတာနိုင်ငံသားအားလုံးကို ChatGPTPlusအခမဲ့သုံးခွင့်ပေးရန် OpenAIနှင့်မော်လတာအစိုးရသဘောတူညီချက်ရရှိ May 17, 2026 Htet Ko PSM(NEWS) မေ ၁၇ ၊၂၀၂၆ အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း ကွန်ပျူတာဉာဏ်ရည်တု (AI) နည်းပညာကုမ္ပဏီဖြစ်သည့် OpenAIသည်မော်လတာနိုင်ငံသားအားလုံးကို ၎င်းတို့၏ ChatGPT Plus ဝန်ဆောင်မှုကို တစ်နှစ်ကြာအခမဲ့အသုံးပြုခွင့်ပေးမည့် သဘောတူညီချက်တစ်ရပ်ကို မော်လတာအစိုးရနှင့် စနေနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ သို့သော် နိုင်ငံသားများသည် ယင်းဝန်ဆောင်မှုကို မသုံးစွဲမီ AI နည်းပညာအသုံးပြုပုံနှင့်ပတ်သက်သည့်သင်တန်းတစ်ခုကိုဦးစွာတက်ရောက်ရမည် ဖြစ်သည်။ အဆိုပါအစီအစဉ်ကိုမေလအတွင်း စတင်မည်ဖြစ်ပြီးအခမဲ့ဖွင့်လှစ်မည့်၎င်းသင်တန်းကိုမော်လတာနိုင်ငံသားများပိုမိုတက်ရောက်အောင်မြင်လာသည်နှင့်အမျှအသုံးပြုနိုင်မည့်လူဦးရေပမာဏကိုတိုးမြှင့်ပေးသွားမည်ဖြစ်သည်။ ယင်းအပြင် ပြည်ပတွင်…
international news ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် အီရတ် ရေနံတင်ပို့မှု သိသိသာသာ ကျဆင်း May 17, 2026 Htet Ko PSM (NEWS) မေ ၁၇၊ ၂၀၂၆ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများ အာမခံမရသည့် ပြဿနာဖြစ်ပွားနေပြီး၊ အီရတ်၏ ဧပြီလ ရေနံတင်ပို့မှုမှာ စည် ၁၀သန်းအထိကျဆင်းသွားခဲ့သည်။ စစ်ပွဲမတိုင်မီက တစ်လလျှင် စည်၉၃သန်းခန့်တင်ပို့ခဲ့သည်။ လက်ရှိတွင် တူရကီ ဂျေဟန် ဆိပ်ကမ်းမှတစ်ဆင့် တစ်ရက်လျှင် ရေနံစည် ၂၀၀,၀၀၀ တင်ပို့နေပြီး၊ ယင်းကို စည် ၅၀၀,၀၀၀ အထိ…
international news အမေရိကန်ကို ယုံကြည်မှုမရှိသော်လည်း အလေးအနက်ထားမှသာ ဆွေးနွေးမည်ဟု အီရန်ပြောကြား May 16, 2026 Htet Ko PSM NEWS မေ ၁၆၊ ၂၀၂၆ အီရန်နိုင်ငံအနေဖြင့် အမေရိကန်အစိုးရအပေါ် ယုံကြည်မှု လုံးဝမရှိကြောင်းနှင့် အမေရိကန်ဘက်မှ အမှန်တကယ် အလေးအနက်ထားသည့် လက္ခဏာပြမှသာလျှင် ဆွေးနွေးမှုများပြုလုပ်ရန် စိတ်ဝင်စားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီ က ပြောကြားလိုက်သည်။ ၎င်းသည် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း သောကြာနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ…
international news အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသည့် အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီ၏အမှုကို အမေရိကန်အစိုးရ ကျေအေးပေးရန် သဘောတူ May 16, 2026 Htet Ko PSM (NEWS) မေ ၁၆၊၂၀၂၆ အိန္ဒိယနိုင်ငံရှိ နေရောင်ခြည်စွမ်းအင်စီမံကိန်းများနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီ နှင့် ၎င်း၏ကုမ္ပဏီအပေါ် စွဲဆိုထားသည့်အမှုကို ကျေအေးပေးရန် အမေရိကန်အစိုးရက သဘောတူညီလိုက်ကြောင်း ရုံးတော်မှတ်တမ်းများအရ သိရသည်။ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန် ငွေကြေးနှင့် အိတ်ချိန်းကော်မရှင် (SEC) ၏ တရားစွဲဆိုချက်အရ ဂေါတမ်အဒါနီနှင့် ၎င်း၏တူဖြစ်သူ…
international news အထက်လွှတ်တော်အမတ်ကို ဖမ်းဆီးရန် ICC ၏ တောင်းဆိုချက်ကို ဖိလစ်ပိုင် လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးအတည်ပြု May 16, 2026 Htet Ko 8PSM (NEWS) မေ ၁၆၊ ၂၀၂၆ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် အလိုရှိနေသည့်ထိပ်တန်းအထက်လွှတ်တော်အမတ်တစ်ဦးကို ဖမ်းဆီးရန် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ၏ တောင်းဆိုချက်ကို ဖိလစ်ပိုင်နိုင်ငံအနေဖြင့် “မပျက်မကွက်” လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်သွေးထွက်သံယိုဖြစ်ပွားခဲ့သည့် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ” ကို အဓိကကြီးကြပ်ခဲ့သူ…
international news ထိုင်ဝမ်အခြေစိုက် TSMC မှ Vanguard ရှိ ၎င်း၏ ရှယ်ယာများကို ဒေါ်လာ ၈၅၀ သန်းဖြင့် ရောင်းချမည် May 16, 2026 Htet Ko PSM (NEWS) မေ ၁၆၊၂၀၂၆ ကမ္ဘာ့အကြီးဆုံးကန်ထရိုက်စနစ်သုံးချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် ထိုင်ဝမ်အခြေစိုက် (Taiwan Semiconductor Manufacturing Company Limited, TSMC) သည် ၎င်းပိုင်ဆိုင်သော Vanguard International Semiconductor (VIS) ရှိ ရှယ်ယာပေါင်း ၁၅၂ သန်းကို ရောင်းချရန် စီစဉ်နေကြောင်း သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယခုရောင်းချမှုကြောင့် VIS တွင် TSMC…