PSM (News)

ဇူလိုင် ၁၈၊၂၀၂၆

တရုတ်နိုင်ငံ၊ ချုံကင်းမြို့တွင် ဇူလိုင် ၁၇ ရက်‌‌ေန့နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်အဆောက်အအုံများ မြေပိခဲ့ပြီး လူပေါင်း ၁,၁၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

ချုံကင်းမြို့၌ နံနက် ၉ နာရီ ၈ မိနစ်အချိန်တွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်တုံးနှင့် မြေသားအမြောက်အမြား ပြိုကျလာမှုကြောင့် လူနေအိမ်အဆောက်အအုံ ၁၀ လုံးထက်မနည်း မြေပိခဲ့ရသည်။

လက်ရှိအချိန်အထိ အပျက်အစီးများကြားမှ လူ ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသော်လည်း မြေပြင်အနေအထား မတည်မငြိမ်ဖြစ်နေခြင်းနှင့် ထပ်မံမြေပြိုနိုင်သည့် အန္တရာယ်များကြောင့် အခက်အခဲများရှိနေသည်။

သဘာဝဘေးသင့်ဒေသသို့ တဲများ၊ ခေါက်ကုတင်များ အပါအဝင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၈,၀၀၀ ကျော်ကို ပေးပို့ထားကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို့ပြင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မြေပြိုသည့်နေရာပတ်လည် ၁ ကီလိုမီတာအတွင်း ရေ၊ လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ ပေးဝေမှုများကို ယာယီရပ်ဆဲထားကြောင်း သိရသည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed