PSM(News) ဇူလိုင် ၁၈၊၂၀၂၆ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မွတ်ဒါဟန်ခရိုင်ရှိ ကားပြင်ဆိုင်တစ်ခုတွင် မူးယစ်ဆေးဝါးသုံးစွဲ၍ မွေးနေ့ပါတီကျင်းပနေသူ လာအိုနိုင်ငံသား ၄ ဦးနှင့် ထိုင်းနိုင်ငံသား ၁၀ ဦး၊ စုစုပေါင်း ၁၄ ဦးကို ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည်။ စစ်ဆင်ရေးအတွင်း တာဝန်ရှိသူများက ကီတာမင်းနှင့် မက်သ်အမ်ဖက်တမင်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည့် ” happy water ဆေးရည်ပုလင်းများကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူများအားလုံးသည် မွေးနေ့ပွဲကျင်းပရန်နှင့် မူးယစ်ဆေးဝါးများ အတူတကွ သုံးစွဲရန် စုဝေးခဲ့ကြခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။ ကိုးကား-Khaosod Post navigation တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွား၊ လူ ၁,၁၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ အမေရိကန်ရွေးကောက်ပွဲတွင်ဝင်ရောက်စွက်ဖက်သည်ဟူသော ဒေါ်နယ်ထရမ့်၏စွပ်စွဲချက်များကို တရုတ်နိုင်ငံ ပယ်ချ