PSM (News) ဇူလိုင် ၁၇၊ ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် အင်္ဂလန်အသင်း ရှုံးနိမ့်ပြီးနောက် ပရိသတ်များ အရက်ဆိုင်များမှ ထွက်လာချိန်တွင် တစ်ဦးတည်းရှိနေသည့် အာဂျင်တီးနားပရိသတ်တစ်ဦးကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရသည်။ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်များအရ အာဂျင်တီးနားအသင်း အင်္ကျီကို ဝတ်ဆင်ထားသည့် ပရိသတ်တစ်ဦးကို ရဲအရာရှိများစွာက ဝိုင်းရံကာ လူအုပ်ကြီးကြားမှ ခေါ်ထုတ်သွားခဲ့ပြီး ရဲကားအတွင်းသို့ တင်ပေးခဲ့သည်ကို တွေ့ရသည်။ ထိုအချိန်တွင် အနီးနားရှိ လူအုပ်ကြီးက အဆိုပါပရိသတ်ကို ဆဲဆိုကြိမ်းမောင်းနေခဲ့ကြသည်။ လန်ဒန်မြို့လယ်တွင် ရဲအရာရှိများစွာက ထိုပရိသတ်ကို ဝိုင်းရံကာ လုံခြုံသည့် ရဲကားဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက “ပွဲအပြီး လူအုပ်ကြီး ပြန်လည်စုပြန့်သွားချိန်တွင် ပီကာဒီလီ ဆာကပ်စ် တွင် တာဝန်ကျနေသည့် ရဲအရာရှိများသည် အင်္ဂလန်ပရိသတ်များ ဝိုင်းရံထားခြင်းခံရသည့် အာဂျင်တီးနားပရိသတ်တစ်ဦးကို တွေ့ရှိခဲ့ရသည်။ ထိုပရိသတ် ထိခိုက်မှုမရှိစေရန် ကျွန်ုပ်တို့က ကြားဝင်ဆောင်ရွက်ခဲ့ပြီးအကာအကွယ်ပေးကာ အနီးနားရှိ ရဲကားဆီသို့ ပို့ဆောင်ပေးခဲ့ပါသည်” ဟု ပြောကြားခဲ့သည်။ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် လန်ဒန်မြို့လယ်တွင် ရဲတပ်ဖွဲ့က လူ ၇ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် မူးယစ်သေစာသောက်စားပြီး ယာဉ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံရသူတစ်ဦးပါဝင်ပြီး ကျန် ၆ ဦးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု၊ ရဲဝန်ထမ်းအား တိုက်ခိုက်မှုနှင့် လူမျိုးရေးခွဲခြား၍ တိုက်ခိုက်မှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အင်္ဂလန်အသင်းသည် အတ္တလန္တာမြို့တွင် ကစားခဲ့သည့်ပွဲ၌ အန်သိုနီ ဂေါ်ဒွန်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန်နောက်ဆုံးပိုင်းတွင် အာဂျင်တီးနားတို့၏ တိုက်စစ်ကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ကိုးကား-The Independent Post navigation ကုလသမဂ္ဂသတိပေးချက် – ကလေးငယ် ၁၃.၅ သန်းကျော် ကာကွယ်ဆေးလုံးဝမရရှိသေးဘဲ ကာကွယ်ဆေးထိုးနှံမှု တိုးတက်နှုန်းနှေးကွေးနေ လီယွန်နယ် မက်ဆီ နှင့် လာမင်း ယာမားလ် တို့၏ ထူးခြားဆန်းကြယ်သော ပထမဆုံးတွေ့ဆုံမှု