PSM (News)

ဇူလိုင် ၁၈ ၊၂၀၂၆

ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၂၂ မိနစ်အချိန်တွင် ထိုင်းနိုင်ငံ၊ စူရိန်ခရိုင်၊ ပရာဆတ်မြို့နယ်ရှိ ဝပ်တလောက်ဘုန်းတော်ကြီးကျောင်းရှေ့၊ အမှတ် ၂၁၄ အဝေးပြေးလမ်းမကြီးပေါ်တွင် ဆီဆာကတ် ပြည်နယ်မှ ကျောင်းကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါကားပေါ်တွင်ကျောင်းသား ၅၁ ဦးနှင့် ဆရာ ၆ ဦး၊ စုစုပေါင်း ၅၇ ဦး လိုက်ပါလာခဲ့ပြီး တိမ်းမှောက်မှုကြောင့် ၎င်းတို့အားလုံး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ ကံကောင်းထောက်မစွာဖြင့် အသက်ဆုံးရှုံးမှု သို့မဟုတ် ပြင်းထန်သော ဒဏ်ရာရရှိမှုမျိုး မရှိခဲ့ပေ။

ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီး၊ လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဉ်တိမ်းမှောက်ရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

ကိုးကား- Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed