PSM (News)

စက်တင်ဘာ ၈၊၂၀၂၆

တနင်္ဂနွေနေ့က မိုင်ယာမီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Amazon Prime

Air ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းလွန်ပြီး ပျက်ကျခဲ့မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Prime Air လေယာဉ်အမှတ် 7598 သည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် လေဆိပ်၏ ဒေါင်လိုက်ပြေးလမ်းမှ လွန်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်ရှိ ယာဉ်အများအပြားကို ဝင်တိုက်ခဲ့ကြောင်း တနင်္ဂနွေနေ့မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း မိုင်ယာမီ-ဒေးဒ် မီးသတ်ဌာနမှူး Ray Jadallah က ပြောသည်။ လေယာဉ်တိုက်မိခဲ့သည့် ယာဉ်များအတွင်း အနည်းဆုံး လူ ၂ ဦး ပိတ်မိနေခဲ့ပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတိုမှာလည်း လေယာဉ်အတွင်း ပိတ်မိနေခဲ့သည်ဟု ၎င်းက ဆိုသည်။

အရေးပေါ် ကယ်ဆယ်ရေးအဖွဲ ၆၀ ထက်မကနှင့် တပ်ဖွဲဝင် ၂၀၀ ခန့်က အခင်းဖြစ်ပွားရာသို သွားရောက်ကူညီခဲ့ကြသည်။ လေယာဉ်မှ စက်သုံးဆီယိုစိမ့်မှုများကို အရေးပေါ်ဝန်ထမ်းများက ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေရဆဲဖြစ်သည်။

လေဆိပ်အနေဖြင့် ပျက်ကျမှုဖြစ်ပွားပြီးပြီးချင်း လေယာဉ်ခရီးစဉ်အားလုံးကို ခေတ္တရပ်ဆိုင်းခဲ့သော်လည်း တနင်္ဂနွေနေ့ညနေပိုင်းတွင် ခရီးစဉ်များကို ပြန်လည်စတင်ခဲ့သည်။

ဆန်ဟွန် (ပေါ်တိုရီကို) မှ ထွက်ခွာလာသည့် အဆိုပါလေယာဉ်သည် သက်တမ်း ၃၂ နှစ်ရှိ ပြုပြင်ထားသော Boeing 767-300 ကုန်တင်လေယာဉ်ဖြစ်ပြီး 21 Air လေကြောင်းလိုင်းက Amazon အတွက် ပြေးဆွဲပေးနေခြင်းဖြစ်သည်။

အမျိုးသား သယ်ယူပိုဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ (NTSB) ဥက္ကဌ Jennifer Homendy ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲကို စေလွှတ်ထားပြီး ဖြစ်စဉ်အတွက် တာဝန်ရှိသူများက အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *