Author: Htet Ko

မယ်စဲ့အကျဉ်းထောင်ဖောက်မှုအတွက် IEC တောင်းပန်၊ ပူးပေါင်းပါဝင်သည့် ထောင်ဝန်ထမ်း ၂ ဦးကို တရားစွဲဆိုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်

PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ကရင်နီပြည်၊ မယ်စဲ့အကျဉ်းထောင်မှ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ထွက်ပြေးလွတ်မြောက် ခဲ့သည့် ဖြစ်စဉ်အတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြည်သူများကို တောင်းပန်လိုက်ပြီး ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည့် ထောင်ဝန်ထမ်း ၂ ဦးကို တရားစွဲဆိုထားကြောင်း ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။ မယ်စဲ့အကျဉ်းထောင်မှနေ၍ စစ်သုံ့ပန်း ၇၆…

မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများအတွက် ဒိန်းမတ်နိုင်ငံက ယူရို ၂.၉ သန်း ထပ်မံလှူဒါန်း

PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ဒိန်းမတ်နိုင်ငံသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ကို ယူရို ၂.၉ သန်း (ဒိန်းမတ်ခရိုနာ ၂၁.၇ သန်း) ပါဝင်လှူဒါန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အဆိုပါ ရန်ပုံငွေများကို မြန်မာနိုင်ငံ အတွင်းရှိ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာနေထိုင်ရသူများအား ကူညီထောက်ပံ့ပေးရန် အသုံးပြုသွားမည်ဖြစ်သည်။…

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် ကတိကဝတ်ပြု

PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ မြန်မာနိုင်ငံ၏ ပဋိပက္ခများအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အဖြေတစ်ခုရရှိစေရန် မြန်မာကိုယ်တိုင် ဦးဆောင်ပြီး မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဖော်ဆောင်သည့် လမ်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထပ်လောင်းအတည်ပြု ပြောကြားလိုက်သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး (AMM Retreat) နှင့်အတူ ကျင်းပသည့် ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်မှုဆိုင်ရာ တိုးချဲ့အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲတွင် ထိုကဲ့သို့…

လောင်းလုံးမြို့မရဲစခန်းနှင့် စရဖရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒုရဲအုပ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

PSM(News) ဇန်နဝါရီ ၂၉၊၂၀၂၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ကို တော်လှန်ရေးအင်အားစုများက ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် တစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.F.B.F) က ထုတ်ပြန်ထားသည်။ လောင်းလုံမြို့မရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဗုံးသီးများဖြင့် သုံးကြိမ် တိုင်တိုင်…

မဟာမိတ်တပ်ဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့သည့် မွန်ပြည်တော်လှန်ရေးတပ် အပတ်စဉ်-၄ အထူးမွမ်းမံ စစ်သင်တန်းဆင်းပွဲ ကျင်းပ

PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်သည့် အပတ်စဉ် (၄) အခြေခံအထူးမွမ်းမံ စစ်သင် တန်းဆင်းပွဲ အခမ်းအနားကို ,refaeh ဇန်နဝါရီ ၂၈ ရက်u ၎င်းတို့၏ တပ်ရင်းဌာနချုပ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းသည် MSRF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) တို့မှ ထောက်ပို့…

မင်နီယာပိုလစ် ဆန္ဒပြတေးသီချင်းကို ဘရုစ် စပရင်းစတင်း ထုတ်ဝေ၊ ‘ICE များ အခုထွက်သွား’ ဟု သီဆို

PSM(NEWS) ဇန်နဝါရီလ ၂၉ ၊၂၀၂၆ အမေရိကန်တေးသံရှင် ဘရုစ် စပရင်းစတင်း သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေး စီးနင်းဖမ်းဆီးမှုများအတွင်း သေဆုံးခဲ့ရသည့် မင်နီယာပိုလစ်မြို့ခံ နှစ်ဦးဖြစ်သော အဲလက်စ် ပရက်တီ နှင့် ရေနေး ဂွတ်ဒ် တို့ကို ဂုဏ်ပြုသည့် ဆန္ဒပြတေးသီချင်းတစ်ပုဒ်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေလိုက်သည်။ ၎င်းက အဆိုပါစီးနင်းမှုများကို မြို့အပေါ် ကျရောက်လာသည့်…

ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် ဆက်လက်မြင့်မား၊ အနောက်ဘက်ကမ်းဒေသ အခြေအနေ ယိုယွင်းလာ

PSM (News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ဂါဇာဒေသတွင် လူဦးရေ အများစုလုံးလုံးနီးပါးက လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း၊ အနောက်ဘက်ကမ်းဒေသ (West Bank) ၏ အခြေအနေမှာလည်း တဖြည်းဖြည်း ပျက်စီးယိုယွင်းလာနေကြောင်း ကုလသမဂ္ဂက သတိပေးပြောကြားလိုက်သည်။ ကုလသမဂ္ဂ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အထူးညှိနှိုင်းရေးမှူးရုံး (UNSCO) မှ ဇန်နဝါရီ ၂၈ ရက်နေ့တွင် လုံခြုံရေးကောင်စီသို့…

စိန်ခေါ်မှုများပြည့်နှက်နေသည့်ကာလအတွင်း ဗြိတိန်အနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးထူထောင်ရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

PSM(NEWS) ဇန်နာဝါရီ ၂၉၊ ၂၀၂၆ ကမ္ဘာကြီးအတွက် “စိန်ခေါ်မှုများပြည့်နှက်နေသောကာလ” အတွင်း ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရှိရန် လိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြားသောကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗြိတိန်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်အား ပြောကြားခဲ့သည်။ “ဗြိတိန်နဲ့ တရုတ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး ခိုင်မာကျယ်ပြန့်တဲ့…

အိမ်နီးချင်းနိုင်ငံများတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုရှိနေ၍ ခရီးသွားလာမှု သတိပြုရန်လိုအပ်၊ လင်းနို့ ကိုက်ရာပါသော သစ်သီး နှင့် ထန်းရည်ကို သောက်သုံးခြင်းမပြုရန် WHO သတိပေး

PSM(News) ဇန်နဝါရီ ၂၉ ၊ ၂၀၂၆ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် သေဆုံးမှုနှုန်း မြင့်မားသည့် နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအတွင်း ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နီပါးဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရှိရသေးသော်လည်း…

အီရန်သို့ အမေရိကန်ရေတပ်အုပ်စုကြီး စေလွှတ်နေကြောင်း သမ္မတထရန့် ပြောကြား၊ နျူကလီးယားသဘောတူညီချက်အတွက် ဆွေးနွေးရန် သတိပေး

PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ အမေရိကန်ရေတပ်၏ အင်အားကြီးမားသော သင်္ဘောအုပ်စုကြီး (Armada) သည် အီရန်နိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပြီး၊ အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်အသစ်အတွက် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ မလာပါက ယခင်ထက် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဟု သတိပေးလိုက်သည်။ သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အင်အားကြီးမားတဲ့…