Author: Htet Ko

ပြင်သစ်ရဲတပ်ဖွဲ့က X ရုံးခန်းကို ဝင်ရောက်ရှာဖွေ၊ပဲရစ်အစိုးရရှေ့နေရုံးကအီလွန်မတ်စ်အား ဆင့်ခေါ်

PSM(News)ဖေဖော်ဝါရီ ၄၊ ၂၀၂၆ ပြင်သစ်ရဲတပ်ဖွဲ့သည် အီလွန်မတ်စ်၏ လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သော X ၏ ပဲရစ်ရုံးခန်းကို အင်္ဂါနေ့တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်၊ပဲရစ်အစိုးရရှေ့နေရုံးကလည်း ကုမ္ပဏီအပေါ် စုံစမ်းစစ်ဆေးမှုများ ပိုမိုကျယ်ပြန့်လာသည့်အတွက် နည်းပညာနယ်ပယ်မှ ဘီလျံနာ အီလွန်မတ်စ်ကို ဧပြီလတွင် လာရောက်ဖြေရှင်းရန် ဆင့်ခေါ်လိုက်သည်။ ဥရောပရဲတပ်ဖွဲ့ (Europol) ပါဝင်ပတ်သက်နေသည့် အဆိုပါ စီးနင်းရှာဖွေမှုသည် X ပလက်ဖောင်း သို့မဟုတ် ၎င်း၏ အမှုဆောင်အရာရှိများက…

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများကို သက်ဆိုးရှည်စေမည်ဟု WLB သတိပေး၊ ၂၀၂၅ အတွင်း အမျိုးသမီးအပေါ် အကြမ်းဖက်မှု အမှုပေါင်း ၂၀၀ ကျော်ရှိခဲ့

PSM(News)ဖေဖော်ဝါရီ ၃၊ ၂၀၂၆ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် စစ်ရာဇဝတ် မှုများကို ဆက်လက်ကျူးလွန်နိုင်ရန် “တရားဝင်မှု” ရှာဖွေခြင်းသာဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က အစီရင်ခံစာ ခုတ်ပြန်၍ သတိပေးလိုက်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်သည့် “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း (Looking Back on…

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖော်ထုတ်ရန် ထိုင်းအရာရှိများက FBI နှင့် ပူးပေါင်းစစ်ဆေး

PSM(NEWS)ဖေဖော်ဝါရီ ၃၊ ၂၀၂၆ ထိုင်းနိုင်ငံ စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲသည် နိုင်ငံပေါင်း (၂၀) မှ စစ်သံမှူးများနှင့် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) မှ အရာရှိများကို ဦးဆောင်၍ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်သည်ဟု သံသယရှိသော စခန်းများကို ဖေဖော်ဝါရီလ၃ရက်‌ေန့တွင် သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါစခန်းများသည် ကမ္ဘာတစ်ဝန်းရှိ သားကောင်များကို ပစ်မှတ်ထား၍ နယ်စပ်ဖြတ်ကျော် ငွေလိမ်လည်မှုများ…

ယူကရိန်းတွင် နေတိုးတပ်ဖွဲ့ဝင်များ ချထားမည့်အစီအစဉ်ကို ရုရှား လက်ခံမည်မဟုတ်ဟု မက်ဗီဒက်ဗ် သတိပေး

PSM(NEWS)ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆ ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအာမခံချက်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(NATO) အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များကို ယူကရိန်းမြေပေါ်တွင် တပ်ဖြန့်ချထားရန် ဥရောပအင်အားကြီးနိုင်ငံများ၏ အဆိုပြုချက်သည် ရုရှားအတွက် လက်ခံနိုင်ဖွယ်မရှိကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်သည်။ “ရန်လိုတဲ့ NATOအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ အခြေစိုက်နေမယ်ဆိုရင် ဘယ်လိုမျိုး…

တရုတ်တရားရေးဝန်ကြီးဟောင်း ထောင်ရီကျင်းအား အဂတိလိုက်စားမှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

PSM(NEWS)ဖေဖော်ဝါရီ ၃၊ ၂၀၂၆ တရုတ်နိုင်ငံ၏ တရားရေးဝန်ကြီးဟောင်း ထောင်ရီကျင်း သည် လာဘ်ပေးလာဘ်ယူမှုဖြင့်တနင်္လာနေ့ တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရကြောင်း နိုင်ငံပိုင် CCTV ရုပ်သံသတင်းက ထုတ်ပြန်သည်။ ဖူကျန့်ပြည်နယ်ရှိ ရှမန်ပြည်သူ့တရားရုံး၏ အဆိုအရ ထောင်ရီကျင်းသည် ၂၀၀၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ယွမ်ငွေ ၁၃၇ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၉.၇၁ သန်းခန့်) တန်ဖိုးရှိ…