PSM(NEWS) ဧပြီ ၂၇၊၂၀၂၆ ကင်ညာနိုင်ငံသား အပြေးသမား ဆီဘက်စတီယန် ဆာဝေး သည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် လန်ဒန်မာရသွန်ပြိုင်ပွဲတွင် ပန်းဝင်ချိန် ၁ နာရီ ၅၉ မိနစ် ၃၀ စက္ကန့်ဖြင့် ကမ္ဘာ့ပထမဆုံး နှစ်နာရီအောက် စံချိန်တင်ကာ အားကစားလောက၏ အခက်ခဲဆုံး အတားအဆီးတစ်ခုကို ချိုးဖျက်ပြီး သမိုင်းဝင်အနိုင်ရရှိခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သိပ္ပံနည်းကျစမ်းသပ်မှုများနှင့် ကြိုးပမ်းမှုများစွာ ပြုလုပ်ခဲ့ရသည့် မာရသွန်ပြိုင်ပွဲ၏ အမြင့်ဆုံးစံချိန်ကို ဆီဘက်စတီယန် ဆာဝေး က အောင်မြင်စွာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ချီကာဂိုမာရသွန်တွင် ကွယ်လွန်သူ ကယ်ဗင် ကစ်ပ်တန် တင်ခဲ့သည့် ၂ နာရီ ၀ မိနစ် ၃၅ စက္ကန့် ကမ္ဘာ့စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် အီသီယိုးပီးယားနိုင်ငံသား ယိုမစ်ဖ် ကီဂျယ်လ်ချာ က ၁ နာရီ ၅၉ မိနစ် ၄၁ စက္ကန့်ဖြင့် ဒုတိယ၊ ယူဂန်ဒါနိုင်ငံသား ဂျေကော့ဘ် ကစ်ပလီမို က ၂ နာရီ ၀ မိနစ် ၂၈ စက္ကန့်ဖြင့် တတိယ ရရှိခဲ့ကြပြီး ယခုပြိုင်ပွဲသည် မာရသွန်သမိုင်းတွင် ထိပ်သီးသုံးဦးစလုံး စံချိန်ကောင်းများဖြင့် အဆုံးသတ်ခဲ့သည့် အမှတ်ရဖွယ် ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ “ကျွန်တော် အရမ်းပျော်ပြီး စိတ်လှုပ်ရှားမိပါတယ်။ ဒီနေ့ဟာ ကျွန်တော့်အတွက် ဘယ်တော့မှ မမေ့နိုင်မယ့် နေ့တစ်နေ့ပါပဲ” ဟု ဆီဘက်စတီယန် ဆာဝေး က ဘီဘီစီသို့ ပြောကြားခဲ့သည်။ အမျိုးသမီး အထူးတန်းပြိုင်ပွဲတွင်လည်း အီသီယိုးပီးယားနိုင်ငံသူ တစ်ဂ်စ့် အာဆီဖာ က ၂ နာရီ ၁၅ မိနစ် ၄၁ စက္ကန့်ဖြင့် သူမ၏ ကိုယ်ပိုင်စံချိန်ဟောင်းကို ကျော်ဖြတ်ကာ အမျိုးသမီးသီးသန့် ကမ္ဘာ့စံချိန်သစ်ဖြင့် ဗိုလ်စွဲခဲ့သည်။ ကင်ညာနိုင်ငံသူ ဟယ်လင် အိုဘီရီ င့် ဂျွိုက်စလင်း ဂျပ်ကို့စ်ဂျေး တို့က အသီးသီး ဒုတိယနှင့် တတိယ ရရှိခဲ့ကြသည်။ မာရသွန်ပြိုင်ပွဲကို နှစ်နာရီအောက် စံချိန်ဖြင့် အောင်မြင်ရန် အားကစားလောကတွင် ကာလရှည်ကြာ ကြိုးပမ်းခဲ့ကြသော်လည်း ယခင်က တရားဝင်စံချိန်အဖြစ် သတ်မှတ်နိုင်ခြင်း မရှိခဲ့ပေ။ ယခု ဆီဘက်စတီယန် ဆာဝေး ၏ အောင်မြင်မှုမှာ ပွင့်လင်းမြင်သာသော ပြိုင်ပွဲကြီးတစ်ခုအတွင်း စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သဖြင့် အားကစားလောကအတွက် အလွန်အရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။ ဘီးတပ်ကုလားထိုင်အပြေးပြိုင်ပွဲတွင် ဆွစ်ဇာလန်နိုင်ငံသား မာဆယ် ဟာ့ဂ် က အမျိုးသားချန်ပီယံအဖြစ် ၆ ကြိမ်ဆက်တိုက် (စုစုပေါင်း ၈ ကြိမ်မြောက်) အနိုင်ရရှိခဲ့ပြီး၊ အမျိုးသမီးချန်ပီယံအဖြစ် ဆွစ်ဇာလန်နိုင်ငံသူ ကတ်သရင်း ဒီဗရန်းနား က ၃ ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့သည်။ ကိုးကား-Reuters Post navigation စစ်မီးမွှေးသူများသည် ငြိမ်းချမ်းသော အနာဂတ်ကို ခိုးယူနေသည့် သူခိုးများဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို မိန့်ကြား မာလီကာကွယ်ရေးဝန်ကြီး ဆာဒီယိုကာမာရာ၊ အယ်လ်ကိုင်းဒါးနှင့် ဆက်နွှယ်သည့်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း သေဆုံး