PSM(NEWS)

ဧပြီ ၂၆၊၂၀၂၆

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီသည် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမေရိကန်အရာရှိများနှင့် တွေ့ဆုံခြင်းမရှိဘဲ စနေနေ့ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ပါကစ္စတန်အရာရှိနှစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အထူးကိုယ်စားလှယ်များဖြစ်ကြသည့် စတိဗ်ဝစ်ကော့ဖ်နှင့် ဂျာရက်ကုရှ်နာတို့ကို အီရန်နှင့် ဆွေးနွေးရန် စနေနေ့တွင် ပါကစ္စတန်သို့ စေလွှတ်မည်ဟု ပြောကြားထားသော်လည်း၊ အရတ်ဂ်ချီ ရောက်ရှိလာပြီး မကြာမီမှာပင် အမေရိကန်အစိုးရကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆွေးနွေးမည်မဟုတ်ကြောင်း အီရန်အစိုးရက ကြေညာခဲ့သည်။

ယခုခရီးစဉ်အတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ် ၊စစ်ဦးစီးချုပ် Field Marshal အာဆင်မွန်နီယာ တို့နှင့် တွေ့ဆုံကာ အီရန်-အမေရိကန် စစ်ပွဲအဆုံးသတ်ရေးအတွက် အီရန်၏ သဘောထားများကို ဆွေးနွေးခဲ့သည်။ အရတ်ဂ်ချီက ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုများကို ရလဒ်ထွက်ပေါ်လာသည်အထိ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု တယ်လီဂရမ် မှတစ်ဆင့် ပြောကြားခဲ့သည်။

ကိုးကား -AP

By Htet Ko

You missed