PSM (NEWS) မေ ၁၅ ၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နှစ်ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့တွင် စတင်ခဲ့ရာ၊ တရုတ်သမ္မတ ရှီကျင့်ဖျင် က ကုန်သွယ်ရေးဆွေးနွေးမှုများတွင် တိုးတက်မှုရှိနေကြောင်း ပြောကြားခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများသည် ဆက်ဆံရေးကို အန္တရာယ်ရှိသော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်ပြီး ပဋိပက္ခများအထိ ဖြစ်ပွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးကို ကိုင်တွယ်ရာတွင် မှားယွင်းမှုရှိပါက ပဋိပက္ခများ ဖြစ်ပွားနိုင်ကြောင်း ရှီကျင့်ဖျင် က ဒေါ်နယ်ထရန့်ကို တိုက်ရိုက်သတိပေးခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံကုန်သွယ်ရေးအပြင် ဟော်မုဇ်ရေလက်ကြား အနီးရှိ သင်္ဘောများတိုက်ခိုက်ခံရမှုနှင့် အီရန်အရေးတို့ကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဘေဂျင်းမြို့ရှိပြည်သူ့ခမ်းမဆောင်ကြီးတွင် ပြုလုပ်သည့် အဆိုပါထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံက BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ပွဲကိုရှုံ့ချရန်တိုက်တွန်းထားပြီးအိန္ဒိယအလံတင်သင်္ဘောတစ်စီး နစ်မြုပ်သွားသည့် သတင်းများလည်းထွက်ပေါ်နေသည်။ ကိုးကား-Reuters Post navigation ယူအေအီးခရီးစဉ်အတွင်း စွမ်းအင်ပိုမိုရရှိရေး မိုဒီ ဆွေးနွေးဖွယ်ရှိဟုဆို ဟော်မုဇ်ရေလက်ကြားတွင် တရုတ်သင်္ဘောများ ဖြတ်သန်းသွားလာခွင့် အီရန်ခွင့်ပြုဟု Fars သတင်းဌာန ဖော်ပြ