PSM (News) မေ ၁၄၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အာဏာလုစစ်အုပ်စုလက်အောက်ခံ တပ်သားနှစ်ဦးသည် လက်နက် ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာကြောင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ မေ ၁၄ ရက်တွင် ထုတ်ပြန်သည်။ လုံခြုံရေးအရ အမည်မဖော်လိုခြင်းမရှိသည့် အလင်းဝင်ရောက်လာသူ တပ်သားနှစ်ဦးသည် ၎င်းတို့နှင့် အတူ MA-1 သေနတ် တစ်လက်၊ ကျည်ဘောက် ၆ ဘောက်နှင့် ကျည်ဆန် ၁၂၀ တောင့်တို့ကို ယူဆောင်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်း ဖြစ်သည်။ အဆိုပါ တပ်သားနှစ်ဦးသည် စစ်တပ်အတွင်း ကျန်ရှိနေသေးသည့် ၎င်းတို့၏ ရဲဘော်များကိုလည်း အချိန်မနှောင်းမီ နီးစပ်ရာ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များထံ အမြန်ဆုံး ဆက်သွယ်ကာ အလင်းဝင်ရောက်ကြရန် တိုက်တွန်းပြောကြားထားသည်။ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ကလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ရပ်တည်လိုသည့် အာဏာလုစစ်အုပ်စုလက်အောက်မှ တပ်သားများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ဓာတ်ပုံ- အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ Post navigation မေလပထမပတ်အတွင်း အာဏာလုအစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် ၅၀ နီးပါး အလင်းဝင်ခြင်းနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများရှိလာ