ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – ရုပ်သံသတင်းအစီအစဉ်(23.3.2026) March 23, 2026 Htet Ko https://www.youtube.com/watch?v=nHAcPzN6OU4
daily-news မြိုင်မြို့နယ်တွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး March 23, 2026 Htet Ko ဓာတ်ပုံ- အညာမြေတပ်ပေါင်းစု PSM(Nws)မတ် ၂၃၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းပတ်ထွက်လာသော ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး သုံး ဦး သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်း စုထံမှ သိရသည်။ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ အင်အား ၂၀ ခန့်ဖြင့် ကင်းပတ်ထွက်လာသော စစ်ကြောင်းကို ယမန်နေ့ မတ် ၂၂ ရက်…
daily-news အရာတော်မြို့နယ်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၃ စင်းဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံး March 23, 2026 Htet Ko ဓာတ်ပုံ-CJ PSM(News)မတ် ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အရပ်သား ငါး ဦး သေဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ယမန်နေ့ မတ် ၂၂ ရက် ည ၉…
daily-news ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ကော်မရှင်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီ’စစ်သား ၈ဦးသေဆုံး March 23, 2026 Htet Ko PSM(Nws)မတ် ၂၃၊ ၂၀၂၆ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စစ်ကော်မရှင်ယာဉ်တန်းကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ရှစ် ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ-၂၂ က ထုတ်ပြန်သည်။ ဇီးကုန်းမြို့နယ်မှ ထွက်ခွာလာသော ဆိုင်ကယ် ၁၂ စီးပါ စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့ မတ်လ ၂၂ ရက်နေ့…
daily-news လှိုင်သာယာတွင် ဆိုင်ကယ်နှင့် ဖုန်းခိုးယူထွက်ပြေးသူ ဓာတ်တိုင်ဝင်တိုက်မိ၍ သေဆုံး March 23, 2026 Htet Ko PSM(News)ရန်ကုန်၊ မတ် ၂၃ ၊ ၂၀၂၆ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းကို ခိုးယူထွက်ပြေးသည့် အမျိုးသား တစ်ဦးသည် လမ်းဘေးဓာတ်တိုင်ကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော အဆိုပါ အမျိုးသားသည် ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်းက လှိုင်သာယာ (၁) ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ…
daily-news စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော်တစ်ဦး တပ်ဖွဲ့ခွင့်ပြုချက်မရှိဘဲ စစ်ကော်မရှင်ထံ ကူးပြောင်း သွားသဖြင့် တော်လှန်ရေးအဖွဲ့များ သတိပြုရန် ထုတ်ပြန် March 23, 2026 Htet Ko PSM(Nws)မတ် ၂၃၊ ၂၀၂၆ စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း၊ Knight Commanders PDF တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်တစ်ဦးသည် တပ်ဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးသွားပြီး စစ်ကော်မရှင်ထံသို့ ကူးပြောင်း သွားကြောင်း သိရှိရသဖြင့် တော်လှန်ရေးရဲဘော်များ အထူးသတိပြုကြရန် အသိပေးထားသည်။ စစ်ကော်မရှင်ထံသို့ ကူးပြောင်းသွားသည့် အသက် ၂၃ နှစ်အရွယ် စွမ်းသီဟဇော် (ခ)…
daily-news ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား ကျွန်ပြုခိုင်းစေပြီး လူ့အခွင့်အရေး ချိုးဖောက်နေ March 23, 2026 Htet Ko PSM(News)မတ် ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင် ဝန်ထမ်းများ၏ ကျွန်ပြုခိုင်းစေမှု၊ ဖိနှိပ်မှုနှင့် အာဏာအလွဲသုံးစားလုပ်မှုများကို စဉ်ဆက်မပြတ် ကြုံတွေ့နေရကြောင်း နိုင်ငံ ရေးအကျဉ်းသူများအဖွဲ့ (WOPP) က ယနေ့ မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ အကျဉ်းထောင်အတွင်းရှိ ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသူများကို ၎င်းတို့၏ ကလေးများအား ထိန်းခိုင်းခြင်းနှင့် အဝတ်အစားများ…
international news အရှေ့အလယ်ပိုင်းစစ်ပွဲ ပြင်းထန်လာမှုကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင် March 23, 2026 Htet Ko PSM(NEWS)မတ်၂၃ ၊ ၂၀၂၆ အမေရိကန်နှင့် အီရန်တို့အကြား စွမ်းအင်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုသော ခြိမ်းခြောက်မှုများကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ရန် ရှိနေကြောင်း သုံးသပ်သူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့က ရေနံဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်ဖြင့် ဈေးပိတ်ခဲ့ပြီးဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် သည် ဟော်မုဇ်ရေလက်ကြားကို ၄၈နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပါက အီရန်၏…
international news စွမ်းအင်နှင့် ရေချိုထုတ်လုပ်မှု အဆောက်အအုံများကို တိုက်ခိုက်မည်ဟု ဒေါ်နယ် ထရန့်နှင့် အီရန်တို့ ခြိမ်းခြောက်၊ ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင် March 23, 2026 Htet Ko PSN(NEWS)မတ် ၂၃၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် နှင့် အီရန်နိုင်ငံတို့သည် ပင်လယ်ကွေ့ဒေသရှိ စွမ်းအင်နှင့် ပင်လယ်ရေချိုထုတ်စက်ရုံများကို တိုက်ခိုက်မည်ဟု အပြန်အလှန် ခြိမ်းခြောက်လျက်ရှိရာ၊ ယင်းအခြေအနေသည် ဒေသတွင်း ပဋိပက္ခကို ပိုမိုကျယ်ပြန့်စေပြီး ကမ္ဘာ့ဈေးကွက်အပေါ် စိုးရိမ်မှုများ တိုးပွားစေလျက်ရှိသည်။ တနင်္ဂနွေနေ့ နံနက်အစောပိုင်းမှစတင်ကာ အစ္စရေးနိုင်ငံတစ်ဝန်းတွင် လေကြောင်းရန်သတိပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး၊ အီရန်မှ ပစ်ခတ်လိုက်သော ဒုံးကျည်များ ကျရောက်နိုင်သည့်အန္တရာယ်ကို…
international news ချက်ဝန်ကြီးချုပ် ဘာဘစ်ရှ်၏ အစိုးရသစ်ကို ဆန့်ကျင်ရန် ပရာ့ဂ်မြို့တွင် လူသောင်းနှင့်ချီ၍ ဆန္ဒပြ March 23, 2026 Htet Ko PSM(NEWS)မတ် ၂၃၊ ၂၀၂၆ လူကြိုက်များရေးဝါဒီ ဝန်ကြီးချုပ် အန်ဒရေးဘာဘစ်ရှ် ဦးဆောင်သော ချက်အစိုးရသစ်၏ မူဝါဒများနှင့် အစီအစဉ်များကို ဆန့်ကျင်သည့်အနေဖြင့် စနေနေ့တွင် ပရာ့ဂ်မြို့၌ လူသောင်းနှင့်ချီ၍ဆန္ဒပြခဲ့ကြသည်။ ချက်သမ္မတနိုင်ငံတစ်ဝှမ်းမှ လာရောက်ကြသူများသည် ၁၉၈၉ ခုနှစ် ကွန်မြူနစ်စနစ် ပြိုလဲစေရန် အဓိကတွန်းအားပေးခဲ့သည့် လက်တ်နာပန်းခြံတွင် ငြိမ်းချမ်းစွာ စုဝေးခဲ့ကြခြင်းဖြစ်သည်။ ဘီလီယံနာတစ်ဦးဖြစ်သူ ဘာဘစ်ရှ်နှင့် ၎င်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့သည် ဒီမိုကရေစီကို ခြိမ်းခြောက်နေပြီး…