PSM(NEWS)

ဇူလိုင် ၃ ၊ ၂၀၂၆

ခရစ်စတီယာနို ရော်နယ်ဒို သည် ခရိုအေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား နောက်ဆုံး (၃၂) သင်းအဆင့် ပွဲစဉ်တွင် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်၌ မိမိ၏ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းကို အသက်ဆက်နိုင်စေခဲ့သည်။

ပွဲချိန် ဒုတိယပိုင်းတွင် အသက် (၃၇) နှစ်အရွယ် အိုင်ဗန် ပယ်ရီဆစ် က ခရိုအေးရှားအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပေါ်တူဂီတို့ ရှုံးနိမ့်လုနီးပါး ဖြစ်နေချိန်တွင် VAR စနစ်ဖြင့် ပယ်နယ်တီ ရရှိခဲ့သည်။ ရော်နယ်ဒိုသည် အဆိုပါ ပယ်နယ်တီကိုပေါ်တူဂီအတွက် ချေပဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အသက် (၄၁) နှစ်အရွယ် ရော်နယ်ဒိုသည် ဤဂိုးဖြင့် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။

ယခင်စံချိန်ရှင်မှာ အသက် (၃၉) နှစ်နှင့် (၉) လအရွယ်တွင် ဂိုးသွင်းယူခဲ့သော အသင်းဖော်ဟောင်း ပီပီ ဖြစ်သည်။

ပွဲအပြီးတွင် ရော်နယ်ဒိုကို လူစားလဲလှယ်ခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် လူစားဝင်လာသူ ဂွန်ကာလို ရာမို့စ် က ရာဖေးလ် လီယို ၏ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူကာ ပေါ်တူဂီအတွက် အနိုင်ဂိုး ရရှိခဲ့သည်။

ဤပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် ပေါ်တူဂီအသင်းသည် နောက်တစ်ဆင့်တွင် စပိန်အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။.

ကိုးကား-The Independent

By Htet Ko