PSM (NEWS) ဇူလိုင် ၃၊၂၀၂၆ အောက်တိုဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဟားမားစ်၏ တိုက်ခိုက်မှုနောက်ပိုင်း ရက်ပေါင်း ၁,၀၀၀ ပြည့်မြောက်သည့်နေ့ကို အစ္စရေးနိုင်ငံသားများက ကြာသပတေးနေ့တွင် အောက်မေ့ဖွယ်အခမ်းအနားများနှင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြင့် ကျင်းပခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၅၁ ဦးမှာ ဂါဇာကမ်းမြောင်ဒေသသို့ ပြန်ပေးဆွဲခြင်း ခံခဲ့ရသည်။ လက်ရှိတွင် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ အစိုးရအဖွဲ့ ကျရှုံးမှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ တဲလ်အဗစ်မြို့ရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရုံးချုပ်ရှေ့တွင်လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ဟားမားစ်တို့၏ ဖမ်းဆီးထားစဉ်အတွင်း သေဆုံးခဲ့ရသည့် အမျိုးသမီးတစ်ဦး၏ မိသားစုဝင် အာယာလာ မက်ဇ်ဂါက “ရက်ပေါင်း ၁,၀၀၀ အတွင်း ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေအပြင် လျစ်လျူရှုခံရမှုတွေ၊ လိမ်ညာမှုတွေနဲ့ အစိုးရရဲ့ တာဝန်မဲ့မှုတွေကိုပဲ ရင်ဆိုင်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။ နံနက် ၆:၂၉ နာရီ၊ ဟားမားစ်တို့၏ တိုက်ခိုက်မှုစတင်ခဲ့သည့် အချိန်တွင် နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၅၀ ကျော်၌ အောက်မေ့ဖွယ်အခမ်းအနားများနှင့် ဆန္ဒပြမှုများ စတင်ခဲ့သည်။ ဂျေရုဆလင်မြို့၊ ပါရီရင်ပြင်၌ “October Council” အဖွဲ့မှ ဦးဆောင်၍ ဝန်ကြီးချုပ် နေတန်ယာဟု နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ၎င်း၏ အစိုးရအဖွဲ့သည် လုံးဝကျရှုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂါဇာနယ်စပ်အနီးရှိ Nova ဂီတပွဲတော် ကျင်းပရာနေရာတွင်လည်း သေဆုံးသွားသူများအား ရည်စူး၍ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့သည်။ ကိုးကား-Haaretz Post navigation ဂျပန်နိုင်ငံ၊ ကျူးရှူးဒေသတွင် မိုးသည်းထန်စွာရွာသွန်း၊ ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွား ခရစ်စတီယာနို ရော်နယ်ဒို သည် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် ပထမဆုံးဂိုး သွင်းယူကာ အသင်းဖော်ဟောင်း၏ စံချိန်ကို ချိုးဖျက်ခဲ့