Author: Htet Ko

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှား၏ အွန်လိုင်းလက်လီဆိုင်ကြီး Wildberries ဂိုဒေါင်တစ်ခု ထပ်မံပိတ်သိမ်းရ

PSM (News) ဇူလိုင် ၂၄၊ ၂၀၂၆ ကြာသပတေးနေ့ (ဇူလိုင် ၂၃) မိုးလင်းခါနီးအချိန်က ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းလက်လီရောင်းချရေး ကုမ္ပဏီတစ်ခုဖြစ်သော Wildberries ၏ ဂိုဒေါင်တစ်ခုတွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ရသည်။ ဤတိုက်ခိုက်မှုသည် ရုရှားနိုင်ငံ၏ လူသုံးကုန်စီးပွားရေးဗဟိုချက်မကို ပစ်မှတ်ထားကာ ယူကရိန်း အစိုးရ ကျယ်ပြန့်စွာ လုပ်ဆောင်နေသည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း…

အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ အစိုးရချင်း စာချုပ်ချုပ်ဆိုပြီး အရပ်ဘက် နျူကလီးယား စွမ်းအင် သဘောတူညီချက် ရရှိ

PSM (News) ဇူလိုင် ၂၄၊၂၀၂၆ အမေရိကန်အစိုးရသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် နျူကလီးယားသဘောတူညီချက်တစ်ရပ်ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် တရားဝင်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤသဘောတူညီချက်အရ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုများအတွက် လိုအပ်သော ကိုယ်ပိုင်နျူကလီးယားလောင်စာများကို ကိုယ်တိုင်ထုတ်လုပ် (သန့်စင်) နိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။ အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ် ရိုက် နှင့် ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင် ဆာလမန်…

အာဆီယံအစည်းအဝေးများသို့ မြန်မာခေါင်းဆောင်များ ပြန်လည်ပါဝင်လာရန်မှာ “အလှမ်းဝေးဆဲ” ဖြစ်ကြောင်း အထူးကိုယ်စားလှယ် ပြောကြား

PSM (News) ဇူလိုင် ၂၄၊၂၀၂၆ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များ ပြန်လည်ပါဝင်လာနိုင်ခြေမှာ “အလှမ်းဝေးဆဲ” ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ပြည်တွင်းစစ် ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ငြိမ်းချမ်းရေး အစပျိုးမှုဖြစ်သော “ဘုံသဘောတူညီချက် ၅ ရက်” ကို လိုက်နာမှုအပေါ် ဆက်လက် ဆန်းစစ်ဆဲဖြစ်သောကြောင့်…

အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူ ၈၂ ဦး သေဆုံး

PSM (News) ဇူလိုင် ၂၄၊၂၀၂၆ ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကြောင့် အနည်းဆုံး လူ ၈၂ ဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးမြေများ၊ အခြေခံအဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးခဲ့ရသည်။ အိန္ဒိယနိုင်ငံ…

တောင်ငူအကျဉ်းထောင်မှ နိုင်ကျဉ်း ၁၀၀ အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စုက ခြေချင်းခတ်၍ သာယာဝတီထောင်သို့ ရုတ်တရက် ပြောင်းရွှေ့

PSM (News) ဇူလိုင် ၂၃၊ ၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စု၏ အကျဉ်းထောင်အာဏာပိုင်များက ယနေ့ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် သာယာဝတီအကျဉ်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)…

တီးတိန်-ကနေဒီတောင်ကြားတွင် အာဏာလုစစ်အုပ်စုနှင့်ပူးပေါင်းစစ်ကြောင်း ကြားဖြတ်တိုက်ခိုက် ခံရပြီး ၆ ဦး သေဆုံး

PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စုတပ်များကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်နှင့် ၎င်းတို့နှင့် ပူးပေါင်းနေသည့် ZRA (EC) တပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – ဇိုလဲန်း (PDF-Zoland/ZFU) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် ကနေဒီတောင်နှင့်…

မြိုင်တွင် အာဏာလုစစ်အုပ်စုက သင်းမရွာကို မီးရှို့၍ ရေနံမှော်များဆီ ဦးတည်နေ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံး

PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ‎ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စီးနင်းနေသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်း သည် သင်းမကျေးရွာကို မီးရှို့ဖျက်ဆီးကာ ရေနံမှော်များဆီသို့ ဦးတည်စစ်ကြောင်းထိုး နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ အာဏာလုစစ်အုပ်စုတပ်သည် ယမန်နေ့ ဇူလိုင်လ ၂၂ ရက်က သင်းမကျေးရွာအတွင်းသို့ စီးနင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။…

ပြင်သစ်တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်သုံးစွဲခွင့် တားမြစ်

PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ Tik Tok ကဲ့သို့သော လူမှုကွန်ရက် အပလီကေးရှင်းများကို ကလေးငယ်များ အသုံးပြုခြင်းမှ တားမြစ်သည့် ဥပဒေကြမ်းကို ပြင်သစ်နိုင်ငံ လွှတ်တော်က ဇူလိုင်လ ၂၁ ရက် အင်္ဂါနေ့တွင် တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။ ၎င်းမှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများထဲတွင် ပထမဆုံးအကြိမ် တားမြစ်သည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။ သမ္မတ အီမန်နျူရယ်…

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စည်းရိုးတည်ဆောက်မှုကို ထိုင်း ဆက်လက်လုပ်ဆောင်

PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ပြီးခဲ့သည့်နှစ်က တိုက်ပွဲများ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် အမြဲတမ်းနယ်စပ်စည်းရိုး၏ ပထမဆုံးအပိုင်းကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ထိုင်းစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အရှေ့ပိုင်း ပွန်နမ်ရွန်ခရိုင်အတွင်းရှိ ၁.၃ ကီလိုမီတာ ရှည်လျားသည့် အဆိုပါကွန်ကရစ်စည်းရိုးသည် လက်နက်ငယ်များ၏ ပစ်ခတ်မှုကို ကာကွယ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ စုစုပေါင်း ၈၁၇ ကီလိုမီတာ ရှည်လျားသော နယ်စပ်တစ်လျှောက်တွင် နောက်ထပ်…

ဗင်နီဇွဲလား သမ္မတဟောင်း မာဒူရို၏ မူးယစ်မှောင်ခိုမှုအမှု ရုံးချိန်းအတွက် အမေရိကန်တရားရုံးသို့ ရောက်ရှိမည်

PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလက်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ ဆီလီယာ ဖလိုရက်စ်တို့သည် မူးယစ်ဆေးဝါးမှောင်ခိုမှု အမှုတွဲနှင့်ပတ်သက်သည့် ရုံးချိန်းစာရင်းဇယားများကို ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် မန်ဟက်တန် ဖယ်ဒရယ်တရားရုံးသို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။ အမေရိကန်ခရိုင်တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိုင်း ရှေ့မှောက်၌ ပြုလုပ်မည့် ယခုရုံးချိန်းတွင် ၂၀၂၇ ခုနှစ် ဇွန်လ၌ အမှုစတင်စစ်ဆေးရန် နှစ်ဖက်ရှေ့နေများက…

You missed