daily-news အာဏာလုစစ်အုပ်စုက ဝမ်ပေါင်ကြေးနီစီမံကိန်းကို အကာအကွယ်ယူ၍ ကျေးရွာ ၂၁ ရွာကို မီးရှို့ပြီး မြေယာများ အဓမ္မသိမ်းယူ July 25, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၂၅၊ ၂၀၂၆ အာဏာလုစစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်း နယ်မြေကို စစ်ရေးအရ အင်အားဖြည့်တင်း တပ်စွဲကာ စီမံကိန်းအနီးရှိ အရပ်သားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် မြေယာများ အတင်းအဓမ္မ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း စစ်ရာဇဝတ် မှုများကို စုံစမ်းစစ်ဆေးအတည်ပြုပေးနေသည့် Myanmar Witness က ဇူလိုင် ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ…
international news အနောက်ဘက်ကမ်းဒေသ ပစ်ခတ်မှုကြောင့် အစ္စရေး ၂ ဦးနှင့် ပါလက်စတိုင်း ၄ ဦး သေဆုံး July 25, 2026 Htet Ko PSM (News) ဇူလိုင် ၂၅၊ ၂၀၂၆ အစ္စရေးနှင့် ပါလက်စတိုင်းတို့ အငြင်းပွားရာ အနောက်ဘက်ကမ်းဒေသတွင် သောကြာနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတစ်ခုကြောင့် ပါလက်စတိုင်း ၄ ဦးနှင့် အစ္စရေး ၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် ပြီးခဲ့သည့် တစ်နှစ်အတွင်း အသေအပျောက် အများဆုံး ဖြစ်ရပ်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ပါလက်စတိုင်း…
international news ကျန်းမာရေးအခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟဘုဒ်ဒင် ရာထူးမှနုတ်ထွက် July 25, 2026 Htet Ko PSM (News) ဇူလိုင် ၂၅၊ ၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတ မိုဟာမက် ရှာဟဘုဒ်ဒင် သည် ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် သမ္မတရာထူးမှ သောကြာနေ့တွင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ ရုံးခန်းက ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၇၆ နှစ်အရွယ်ရှိ ရှာဟဘုဒ်ဒင်သည် ၂၀၂၃ ခုနှစ် ဧပြီလကတည်းက သမ္မတရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ၂၀၂၄ ခုနှစ်…
international news သမ္မတ ဇလန်းစကီး အမေရိကန်ကာကွယ်ရေးကုမ္ပဏီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံအပြီး ရုရှားဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံး July 25, 2026 Htet Ko PSM (News) ဇူလိုင် ၂၅၊၂၀၂၆ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် ဒေသတွင် သောကြာနေ့က ရုရှား၏ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများနှင့် စက်မှုလုပ်ငန်း ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကPatriot…
international news အိန္ဒိယနိုင်ငံ လူငယ်ဆန္ဒပြပွဲနှင့် အစိုးရ၏ အချိန်တောင်းခံမှု July 25, 2026 Htet Ko PSM (News) ဇူလိုင် ၂၅၊၂၀၂၆ အိန္ဒိယနိုင်ငံတွင် စာမေးပွဲမေးခွန်းများ ပေါက်ကြားမှုကြောင့် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ အစိုးရအပေါ် လူငယ်များက ဦးဆောင်၍ ပြင်းထန်စွာ ဆန္ဒပြလျက်ရှိသည်။ အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သက်၍ အစိုးရနှင့် ဆန္ဒပြခေါင်းဆောင်များအကြား ဇူလိုင် ၂၄ ရက် က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီး ဓါမန်ဒြာ ပရာဒန် နုတ်ထွက်ပေးရေး…
daily-news သံတွဲမြို့နယ် ငပလီရှိ ဘုန်းကြီးကျောင်းနှင့် Resort တစ်ခုကို အာဏာလုစစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲ၍ သံဃာတော် ၁ ပါးနှင့် ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာရ July 24, 2026 Htet Ko PSM(News) ဇူလိုင် ၂၄ ၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာကမ်းခြေတို့မှ အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာနှစ်ခုကို အာဏာလုစစ်တပ်က ဂျက်ဖိုက်တာများဖြင့် ရှေ့ဆင့်နောက်ဆင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။ အာဏာလုစစ်တပ်သည် ယမန်နေ့ ဇူလိုင် ၂၃ ရက် မွန်းတည့်…
daily-news ရန်ကုန်တွင် စစ်မှုထမ်းရန်နှင့် ငွေညှစ်ရန်အတွက် အာဏာလုစစ်အုပ်စုက နည်းလမ်းစုံဖြင့် မတရား ဖမ်းဆီး ပေါ်တာဆွဲခြင်းများ ဆက်တိုက်ပြုလုပ်နေ July 24, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၂၄ ၊ ၂၀၂၆ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် အာဏာလုစစ်အုပ်စုက စစ်မှုထမ်းရန် လူစုဆောင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု စွပ်စွဲ၍ စစ်ကြောရေးသို့ ဖမ်းဆီးပို့ဆောင်ခြင်းနှင့် လမ်းသွားလမ်းလာပြည်သူများကို အဓမ္မ ဖမ်းဆီးငွေညှစ်ခြင်းများကို ပိုမို ဆိုးရွားစွာ ပြုလုပ်လျက်ရှိကြောင်း Rangoon Scout Network နှင့် ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။ လှိုင်၊ ဗဟန်းနှင့် ကမာရွတ်တို့တွင်…
daily-news အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စု ငြင်းပယ်၊ နိုင်ငံ၏ အခြေအနေပေါ်မူတည်၍သာ အာဆီယံနှင့်ပူးပေါင်းမည်ဟု တုံ့ပြန် July 24, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၂၄ ၊ ၂၀၂၆ အာဆီယံက မြန်မာ့အရေးဖြေရှင်းရေးအတွက် မဖြစ်မနေ လိုက်နာရမည့် မူအဖြစ် စွဲကိုင်ထားသည့် “ဘုံသဘောတူညီချက် ၅ ရပ်” ကို အာဏာလုစစ်အုပ်စုအနေဖြင့် လက်မခံနိုင်တော့ကြောင်း ထုတ်ပြန်ခဲ့ပြီး မိမိနိုင်ငံ၏ ဖြစ်ပေါ်တိုး တက်မှု အခြေအနေများအပေါ် မူတည်၍သာ အာဆီယံနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အာဆီယံကို တုံ့ပြန်ထားသည်။ အာဏာလု…
daily-news ကန့်ဘလူတွင် အာဏာလု စစ်တပ်လက်အောက်ခံ ပျူစောထီး ကင်းစောင့်နေစဉ် အနီးကပ် ပစ်သတ် ခံရပြီး G3 သေနတ် သိမ်းဆည်းရမိ July 24, 2026 Htet Ko PSM(News) ဇူလိုင် ၂၄ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီ ပျူစောထီးကျေးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီး တစ်ဦးကို အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး G3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ ကြောင်း ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေးတပ်ရင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲထံမှ သိရသည်။ ဗိုလ်ပိုင်ချဲသည် ယနေ့ ဇူလိုင် ၂၄ ရက်…
international news တိုကျိုမြို့တွင် စံချိန်တင် အပူချိန်ပြင်းထန်မှုကြောင့် လူ ၄၅၀ ကျော် ဆေးရုံတင်ပို့ခဲ့ရ July 24, 2026 Htet Ko PSM (News) ဇူလိုင်၂၄၊ ၂၀၂၆ ဂျပန်နိုင်ငံတွင် အလွန်အမင်း ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားနေရသည်။ယင်းသို့ ပူပြင်းလွန်းသည့် ရာသီဥတုကြောင့် မြို့တော်တိုကျိုတွင် အပူဒဏ်ကြောင့် ထိခိုက်ခံစားရသူ ဦးရေမှာ စံချိန်တင် အလွန်များပြားလာခဲ့သည်။ တစ်ရက်အတွင်း အပူဒဏ်ကြောင့် လူပေါင်း ၄၅၃ ဦး ဆေးရုံတင်ပို့ခဲ့ရကြောင်းကို တိုကျိုမီးသတ်ဌာနက ဇူလိုင်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။ ဤသည်မှာ…