မောင်မောင်ကဲ/PSM(News) ဇူလိုင် ၂၄ ၊ ၂၀၂၆ အာဆီယံက မြန်မာ့အရေးဖြေရှင်းရေးအတွက် မဖြစ်မနေ လိုက်နာရမည့် မူအဖြစ် စွဲကိုင်ထားသည့် “ဘုံသဘောတူညီချက် ၅ ရပ်” ကို အာဏာလုစစ်အုပ်စုအနေဖြင့် လက်မခံနိုင်တော့ကြောင်း ထုတ်ပြန်ခဲ့ပြီး မိမိနိုင်ငံ၏ ဖြစ်ပေါ်တိုး တက်မှု အခြေအနေများအပေါ် မူတည်၍သာ အာဆီယံနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အာဆီယံကို တုံ့ပြန်ထားသည်။ အာဏာလု စစ်အုပ်စုဘက်က ယခုကဲ့သို့ တင်းမာသည့် ရပ်တည်ချက် ပြသလာခြင်းသည် ပဋိပက္ခဒဏ် ခံနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ရရှိရေးနှင့် ဒေသတွင်း သံတမန်ရေးအရ ဖြေရှင်းနိုင်မည့် လမ်းစများကို ပိုမို ကျဉ်းမြောင်းသွားစေမည်ဖြစ်ကြောင်း နိုင်ငံရေး အကဲခပ်များက သုံးသပ်ပြောဆိုသည်။ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကျေညာချက် ထွက်ပေါ်လာပြီးနောက် အာဏာလုစစ်အုပ်စု ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဇူလိုင် ၂၃ ရက်တွင် တန်ပြန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်သည် လက်ရှိ ပကတိအခြေ အနေများနှင့် ကိုက်ညီမှု မရှိတော့ကြောင်း စစ်အုပ်စုဘက်က စွပ်စွဲထားသည်။ ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ကျင်းပခဲ့သော အာဏာလုစစ်အုပ်စုလွှတ်တော်၏ အတည်ပြုချက်အရ အာဆီယံ မူ ၅ ရပ်ကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ဦးဆောင်သည့် ကိုယ်ပိုင်အစီ အစဉ်ဖြင့်သာ အာဆီယံနှင့် ဆက်ဆံသွားမည်ဟု တုံ့ပြန်ခဲ့သည်။ “စစ်အုပ်စုဟာ အာဆီယံမူကို ငြင်းပယ်ပြီး ပြည်သူနဲ့နိုင်ငံတကာက လက်မခံတဲ့ လွှတ်တော်နဲ့ ရွေးကောက်ပွဲကို အကာအကွယ်ယူ လှည့်စားဖို့ ကြိုးစားနေတာပါ။ အာဆီယံနဲ့ ဒေသတွင်း အသိုင်းအဝိုင်းက ဒါကို လက်မခံဘဲ ပိုမို တင်းကျပ်တဲ့ အရေးယူမှုတွေ ပြုလုပ်လာရင်တော့ အရင်ကထက် ပိုပြီး အထီးကျန်သွားလိမ့်မယ်။ သူတို့(စစ်အုပ်စု)ကိုယ်တိုင်လည်း ရေရှည်မှာ ပိုမိုကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အကျပ်အတည်းတွေ ရင်ဆိုင်လာရလိမ့်မယ်” ဟု စစ်အုပ်စု၏ တုံ့ပြန်ချက်နှင့် ပတ်သက်၍ CDM အရာရှိတစ်ဦးက PSM ကို သုံးသပ်ပြောကြားသည်။ အာဆီယံဘက်ကမူ မြန်မာ့အရေးကို ဖြေရှင်းရာတွင်ဘုံသဘောတူညီချက် ၅ ရပ်သည်သာ မဖြစ်မနေ ကိုးကားရမည့် လမ်းပြမြေပုံဖြစ်ပြီး စစ်အုပ်စုခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်း အဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည့် မူကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ပြသခဲ့သည်။ ထို့အပြင် စစ်အုပ်စု၏ လိုက်နာမှုကို တိုင်းတာရန် စံနှုန်းသစ်များ ရေးဆွဲကာ “ရေရှည် အထူးကိုယ်စား လှယ်” ခန့်အပ်၍ ပိုမိုတင်းကျပ်စွာ စောင့်ကြည့်သွားရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘောညီခဲ့ကြသည်။ အာဏာလု စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲနှင့် လွှတ်တော်ကို အကြောင်းပြ၍ အာဆီယံ မူ ၅ ရပ်ကို စိန်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း အာဆီယံကမူ စစ်အုပ်စုရွေးကောက်ပွဲများကို တရားဝင် အသိ အမှတ်ပြုခြင်းမရှိဘဲ ပိုမို စောင့်ကြည့်မည့် မူများကိုသာ ချမှတ်ရန်ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ-လူမှုကွန်ရက် ပုံစာ-၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ စစ်အုပ်စု Military Chief Min Aung Hlaing (front L) arrives for a memorial event at the Myanmar International Convention Centre (MICC) in Naypyidaw on March 28, 2026, to mark the first anniversary since a 7.7-magnitude tremor struck, killing more than 3,800 people in Myanmar — and around 90 more in neighbouring Thailand. (Photo by ANTHONY WALLACE / AFP) Post navigation ကန့်ဘလူတွင် အာဏာလု စစ်တပ်လက်အောက်ခံ ပျူစောထီး ကင်းစောင့်နေစဉ် အနီးကပ် ပစ်သတ် ခံရပြီး G3 သေနတ် သိမ်းဆည်းရမိ ရန်ကုန်တွင် စစ်မှုထမ်းရန်နှင့် ငွေညှစ်ရန်အတွက် အာဏာလုစစ်အုပ်စုက နည်းလမ်းစုံဖြင့် မတရား ဖမ်းဆီး ပေါ်တာဆွဲခြင်းများ ဆက်တိုက်ပြုလုပ်နေ