PSM (News)

ဇူလိုင်၂၄၊ ၂၀၂၆

ဂျပန်နိုင်ငံတွင် အလွန်အမင်း ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားနေရ‌‌သည်။ယင်းသို့ ပူပြင်းလွန်းသည့် ရာသီဥတုကြောင့် မြို့တော်တိုကျိုတွင် အပူဒဏ်ကြောင့် ထိခိုက်ခံစားရသူ ဦးရေမှာ စံချိန်တင် အလွန်များပြားလာခဲ့သည်။

တစ်ရက်အတွင်း အပူဒဏ်ကြောင့် လူပေါင်း ၄၅၃ ဦး ဆေးရုံတင်ပို့ခဲ့ရကြောင်းကို တိုကျိုမီးသတ်ဌာနက ဇူလိုင်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

ဤသည်မှာ ၂၀၁၀ ပြည့်နှစ် စာရင်းများ စတင်ကောက်ယူခဲ့ချိန်ကစ၍ တစ်ရက်အတွင်း အများဆုံး ဆေးရုံတင်ရသည့် စံချိန်ပင် ဖြစ်သည်။ အဆိုပါ ပြင်းထန်သော အပူလှိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝှမ်းတွင် တစ်ပတ်အတွင်း အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး၊အာဏာပိုင်များကလည်း ပြည်သူများကို အပူဒဏ်အန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဂျပန်မိုးလေဝသဌာနက တိုကျိုမြို့မြောက်ဘက်ရှိ ကုမာဂါယာနှင့် နာဂိုယာမြို့တို့တွင် အပူချိန် ၄၀ ဒီဂရီဆဲလ်ဆီးယပ်စ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ အစိုးရက ဤကဲ့သို့ အလွန်အမင်း ပူပြင်းသည့် အခြေအနေများကို “ကိုကူရှိုဘီ” (အလွန်အမင်း ပူပြင်းသောနေ့) အဖြစ် သတ်မှတ်ခဲ့သည်။

ကိုးကား – StratNews Global

By Htet Ko

You missed