international news ယူကေနိုင်ငံ ဆပ်ဖ်ဖော့ဒေသတွင် ကြီးမားသည့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ July 31, 2026 Htet Ko PSM (News) ဇူလိုင် ၃၁၊၂၀၂၆ ယူကေနိုင်ငံ၊ ဆပ်ဖ်ဖော့ဒေသရှိ ဒန်ဝစ်ချ်ဟိသ်တွင် အလွန်ပြင်းထန်သော တောမီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များက “အရေးပေါ် အကျပ်အတည်းအခြေအနေ” (Major Incident) ကို ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ မီးလောင်ရာနေရာအနီးတွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ရှိနေပြီး၊ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင် အနည်ဆုံး ၉၀ ဦးက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အပြင်းအထရ် ဆောင်ရွက်နေကြသည်။ ပြင်းထန်သော…
daily-news မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂၀၀၀ ကျော်လွန်ပြီဖြစ်၍ အသက်ရှင်နေထိုင်မှုကို သက်သေပြရန်နှင့် တွေ့ဆုံခွင့်ရရှိရေး ကိုထိန်လင်း တောင်းဆို July 30, 2026 Htet Ko မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို အာဏာလုစစ်အုပ်စုက မတရား ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်လွန် သွားပြီဖြစ်သည်။ ထိုသို့ဖမ်းဆီထားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့ထိတိုင် အသက်ရှင်နေထိုင်ကြောင်း ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မရရှိသေးသဖြင့် အဆုံးသတ် တိတ်ဆိတ်မနေကြရန်…
daily-news အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် “ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်း” သဘောတူ အတည်ပြု July 30, 2026 Htet Ko မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် အနာဂတ် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ဒေသအခြေပြု တော်လှန်ရေးအင်အားစု ခုနစ် ဖွဲ့က “ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း” ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ…
daily-news ဒိုက်ဦးထောင်၌ ဆေးကုသခွင့် မရသဖြင့် မွေးကင်းစကလေး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက် တိုက်ပိတ် ညှဉ်းပန်းခံနေရ July 30, 2026 Htet Ko PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများအား ဆေးကုသခွင့် ငြင်းပယ်ထားမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အပြင် အနည်းဆုံး နိုင်ငံရေး အကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက်အပြုံလိုက် တိုက်ပိတ်ကာ စနစ်တကျ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံနေရကြောင်း ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင်…
international news ထိုင်းနိုင်ငံ၊အယုတ္တယတွင် ရဟန်းအယောင်ဆောင်ကာ အလှူခံနေသူနှစ်ဦး ဖမ်းဆီးခံရ July 30, 2026 Htet Ko PSM (News) ဇူလိုင် ၃၀၊၂၀၂၆ ထိုင်းနိုင်ငံ၊ အယုတ္တယခရိုင်၊ ဘန်းပအင်မြို့နယ်ရှိ စပါးခင်းဘေး ယာယီစခန်းတစ်ခုတွင် ရဟန်းအယောင်ဆောင်ကာ အလှူခံနေကြသည့် အသက် ၆၃ နှစ်နှင့် ၆၇ နှစ်အရွယ် အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၉ ရက်နေ့ကဖမ်းဆီးလိုက်သည်။ အဆိုပါနေရာသည် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဖူးသည့်…
daily-news ဘီလာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေး July 30, 2026 Htet Ko PSM (News) ဇူလိုင် ၃၀၊ ၂၀၂၆ ဘီလာရုစ်နိုင်ငံ၏ နိုင်ငံတော် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒီမီထရီ ပန်တပ်စ် သည် ဇူလိုင်လ ၂၈ ရက်နေ့က ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တွေ့ဆုံခဲ့ကြောင်း REFORM.news သတင်းဌာနက ဖော်ပြခဲ့သည်။ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာနည်းပညာ နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြင်းထန်အားကောင်းစေရန်နှင့် ပိုမိုနက်ရှိုင်းစေရန် အပြန်အလှန် စိတ်ပါဝင်စားမှုရှိကြကြောင်း…
international news အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အသစ်ကြောင့် ခိုလှုံခွင့်တောင်းခံသူများ တိုက်ရိုက် ပြည်နှင်ဒဏ်ခုံရုံးသို့ ရောက်ရှိနိုင် July 30, 2026 Htet Ko PSM (News) ဇူလိုင် ၃၀၊၂၀၂၆ ထရမ့်အစိုးရအဖွဲ့သည် ခိုလှုံခွင့်တောင်းခံသူ အများအပြားကို လူဝင်မှုကြီးကြပ်ရေး တရားရုံးများသို့ တိုက်ရိုက်လွှဲပြောင်းကာ ပြည်နှင်ဒဏ်ပေးသည့် လုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်မည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လိုက်ပြီဖြစ်သည်။ ချက်ချင်း အကျိုးသက်ရောက်မှုရှိမည့် အဆိုပါ အစိုးရ၏ စည်းမျဉ်းအသစ်အရ အမှုပေါင်း ၄၅၀,၀၀০ နီးပါးကို လူဝင်မှုကြီးကြပ်ရေး တရားသူကြီးများထံသို့ လွှဲပြောင်းပေးနိုင်ခြေရှိပြီး တရားသူကြီးများအနေဖြင့် ခိုလှုံခွင့် လျှောက်ထားချက်များကို ပယ်ချပစ်ပိုင်ခွင့်…
daily-news မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် သဘောတူညီဟုမလေးရှားဝန်ကြီးချုပ် ပြော July 30, 2026 Htet Ko PSM (News) ဇူလိုင် ၃၀၊၂၀၂၆ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံသွားရန်အတွက် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံဘက်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်ထားသူများ အပါအဝင် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ အများအပြား…
international news ချင်းမိုင်တွင် အွန်လိုင်းမှတစ်ဆင့် လှည့်ဖြားခေါ်ထုတ်ခံရသည့် ၁၄ နှစ်အရွယ် မြန်မာကလေးကို ပြန်လည်တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေစဉ် မိဘများထံ ငွေလိမ်ခြိမ်းခြောက်သူများရှိခဲ့ July 29, 2026 Htet Ko PSM (News) ဇူလိုင် ၂၉၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးသည် အွန်လိုင်း တယ်လီဂရမ်မှတစ်ဆင့် ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးသွားခဲ့ရာမှ ထိုင်းရဲတပ်ဖွဲ့၏ ကူညီမှုကြောင့် ယနေ့ ဇူလိုင် ၂၉ ရက်တွင် လော့ပူရီမြို့ရှိ ဟိုတယ်တစ်ခု၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ မောင်စွမ်းပြည့်ပိုင်စိုး အသက် ၁၄…
daily-news KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ကို ဗုံးကြဲ အမျိုးသား ၂ ဦး သေဆုံး July 29, 2026 Htet Ko PSM(News) ဇူလိုင် ၂၉၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသော မဘိမ်းမြို့ကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသား နှစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်း စစ်ရေးရင်းမြစ်ထံမှ သိရသည်။ အာဏာလု စစ်အုပ်စုသည် တိုက်ပွဲခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့ နံနက်ပိုင်းက မဘိမ်းမြို့ပေါ်ရပ်ကွက်များအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” မဘိမ်းမှာ…