PSM (News) ဇူလိုင် ၃၀၊၂၀၂၆ ထရမ့်အစိုးရအဖွဲ့သည် ခိုလှုံခွင့်တောင်းခံသူ အများအပြားကို လူဝင်မှုကြီးကြပ်ရေး တရားရုံးများသို့ တိုက်ရိုက်လွှဲပြောင်းကာ ပြည်နှင်ဒဏ်ပေးသည့် လုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်မည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လိုက်ပြီဖြစ်သည်။ ချက်ချင်း အကျိုးသက်ရောက်မှုရှိမည့် အဆိုပါ အစိုးရ၏ စည်းမျဉ်းအသစ်အရ အမှုပေါင်း ၄၅၀,၀၀০ နီးပါးကို လူဝင်မှုကြီးကြပ်ရေး တရားသူကြီးများထံသို့ လွှဲပြောင်းပေးနိုင်ခြေရှိပြီး တရားသူကြီးများအနေဖြင့် ခိုလှုံခွင့် လျှောက်ထားချက်များကို ပယ်ချပစ်ပိုင်ခွင့် ရှိနေကြောင်း သိရသည်။ ရှေ့နေအချို့၏ သုံးသပ်ပြောကြားချက်အရ အဆိုပါ အပြောင်းအလဲသည် လူအများကို တရားခွင် ကြားနာခွင့်မရရှိဘဲ အမေရိကန်ပြည်ထောင်စုမှ နှင်ထုတ်ခံရမည့် အခြေအနေများ ဖြစ်ပေါ်လာစေနိုင်ကြောင်း သိရှိရသည်။ ကိုးကား-The Washington Post Post navigation ချင်းမိုင်တွင် အွန်လိုင်းမှတစ်ဆင့် လှည့်ဖြားခေါ်ထုတ်ခံရသည့် ၁၄ နှစ်အရွယ် မြန်မာကလေးကို ပြန်လည်တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေစဉ် မိဘများထံ ငွေလိမ်ခြိမ်းခြောက်သူများရှိခဲ့ ထိုင်းနိုင်ငံ၊အယုတ္တယတွင် ရဟန်းအယောင်ဆောင်ကာ အလှူခံနေသူနှစ်ဦး ဖမ်းဆီးခံရ