Author: Htet Ko

ဖြူဖြူကျော်သိန်းနှင့် R ဇာနည် တို့၏ ပထမဆုံး စုံတွဲဂီတဖျော်ဖြေပွဲ နယူးယောက်မြို့၌ ကျင်းပမည်

PSM(News) ဩဂုတ် ၇၊၂၀၂၆ အဆိုတော် ဖြူဖြူကျော်သိန်းနှင့် အဆိုတော် R ဇာနည် တို့ ပူးပေါင်းတင်ဆက်မည့် First Duet Concert ဂီတဖျော်ဖြေပွဲကို လာမည့် စက်တင်ဘာ ၁၂ရက် တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း NYC Burmese Music Concertထံက သိရသည်။ အဆိုပါ ဖျော်ဖြေပွဲသည် တေးသံရှင် ဖြူဖြူကျော်သိန်း၏…

မိုးသည်းထန်စွာရွာသွန်းနေ၍ ကောလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်များအပါအဝင် ရွာပေါင်း ၁၀၀ ကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရ

PSM(News) ဩဂုတ် ၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ချောင်းများ အတွင်း ရေလျှံတက်ကာ ကျေးရွာပေါင်း ၁၀၀ ကျော် ရေဘေးသင့်လျက်ရှိပြီး စစ်ဘေးဒုက္ခသည် ၅,၀၀၀ ကျော်နေထိုင်ရာ တဲအိမ်များ ရေမြုပ်ပျက်စီးသွားသဖြင့် အမိုးအကာနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၅…

မဟာဗျူဟာထိုးစစ် သို့ တက်လှမ်းနိုင်ရေးနှင့် EROs မဟာမိတ်များနှင့် ပိုမိုပူးပေါင်း စစ်ဆင်နိုင်ရေး PDF တပ်မှူးကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်

PSM(News) ဩဂုတ် ၇၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်မှူးကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် “ပြည်သူ့ခုခံတွန်းလှန်စစ်” မှသည် “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်း နိုင်ရေးနှင့် မဟာမိတ်…

ဒေါ်အောင်ဆန်းစုကြည်ထံ ICRC ဝင်ရောက်တွေ့ဆုံမှုကို အမေရိကန် ကြိုဆို၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံတောင်းဆို

PSM (News) ဩဂုတ် ၇၊ ၂၀၂၆ အာဏာလု စစ်အုပ်စု၏ မတရား ဖမ်းဆီးခြင်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။ ယခုတွေ့ဆုံမှုသည်…

လုံခြုံရေး တင်းကျပ်ထားသည့် ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ရန်ကုန်လူထုသပိတ်နှင့် BEM တို့ ‘မြန်မာပြည် သွေးမြေကျနေပြီ’ ဘန်နာချိတ်ဆွဲ၍ အာဏာလု သမ္မတ၏ ခရီးစဉ်ကို ကန့်ကွက်

PSM (News) ဩဂုတ် ၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် BTS ဘူတာအနီး မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်တွင် “Myanmar is bleeding. No handshakes with a brutal dictator” (မြန်မာနိုင်ငံတွင် သွေးထွက်သံယိုဖြစ်နေသည်၊ ရက်စက်သည့် စစ်အာဏာရှင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုရ) ဟူသော စာတန်းပါ ဘန်နာကို…

နွန်သဘူရီ ကျောင်းပစ်ခတ်မှုမတိုင်မီ သေနတ်သမား ကျောင်းသားက အဘိုးနှင့် အဘွားဖြစ်သူကိုပါ သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိ

PSM (News) ဩဂုတ် ၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ရှိ ဒက်စီရင်ကျောင်းအတွင်း ယနေ့ ဩဂုတ်လ ၇ ရက်နေ့က ပစ်ခတ်မှုကျူးလွန်ပြီး မိမိကိုယ်ကို ပြန်လည်ပစ်ခတ် သတ်သေသွားသည့် သံသယရှိ ကျောင်းသားသည် ကျောင်းသို့ မသွားရောက်မီ ၎င်း၏ အဘိုးနှင့် အဘွားဖြစ်နိုင်ဖွယ်ရှိသော မိသားစုဝင် ၂ ဦးကို ဦးစွာ သတ်ဖြတ်ခဲ့သည်ဟု ယူဆရကြောင်း ကနဦး…

နွန်သဘူရီရှိ ထပ်ဆီရင်ကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ၊ ဝန်ကြီးချုပ် အနုတင် အရေးပေါ် ကူညီရန် ညွှန်ကြား

PSM (News) ဩဂုတ် ၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ရှိ ထပ်ဆီရင် ကျောင်း (Thepsirin School) အတွင်း ယနေ့ ဩဂုတ်လ ၇ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုအတွင်း သေနတ်သမား အပါအဝင် လူ ၇ ဦး သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားလိုက်သည်။ သေဆုံးသူများတွင် ကျောင်းဆရာ ၃…

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ထောင်ပေါင်းများစွာသော လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

PSM(News) ဩဂုတ် ၇၊၂၀၂၆ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းများပြိုကျပျက်စီးခြင်း၊ တံတားများနှင့် လျှပ်စစ်မီး၊ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၂၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း CCTV အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ရှန်ရှီပြည်နယ် ဇန်အန်ခရိုင် ရှန်လော့မြို့ရှိ…

အင်ဒိုနီးရှားနိုင်ငံ ဘရိုမိုတောင် အမျိုးသားဥယျာဉ်တွင် ဟက်တာ ၆၀ ကျော် မီးလောင်ကျွမ်း

PSM (News) ဩဂုတ်၇၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်ရှိ နာမည်ကြီး ဘရိုမိုတောင် အမျိုးသားဥယျာဉ်တွင် တနင်္လာနေ့ကတည်းက စတင်လောင်ကျွမ်းနေသော တောမီးကြောင့် မြေဧရိယာ အနည်းဆုံး ဟက်တာ ၆၀ (ဧက ၁၄၈) မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သဘာဝဘေး အန္တရာယ် ကာကွယ်ရေး ဌာနက ကြေညာလိုက်သည်။ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး တာဝန်ရှိသူများသည် မီးငြှိမ်းသတ်ရန်နှင့် အပူချိန်မြင့်သည့်နေရာများကို ရှာဖွေဖော်ထုတ်ရန်အတွက်…

ဂျာမန်လေဆိပ်တွင် ဒရုန်းအနီး တွေ့ရှိရသည့် လေယာဉ်ပေါ်၌ စစ်ဘက်သုံး ခဲယမ်းများ သယ်ဆောင်လာခဲ့ဟု ဖော်ပြ

PSM (News) ဩဂုတ် ၇၊၂၀၂၆ ဂျာမနီနိုင်ငံ လိုင်းပဇစ်/ဟယ်လေ လေဆိပ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများပါရှိသည့် ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ရသည်။ယင်းဒရုန်းအနီးတွင် ရပ်တန့်ထားသော ယူကရိန်းကုန်တင်လေယာဉ်ပေါ်၌ စစ်ဘက်သုံး ခဲယမ်းမီးကျောက်များ တင်ဆောင်လာခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ဒရုန်းတွင် တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများသည် အဆင့်မြင့် စစ်ဘက်သုံး အမျိုးအစားများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ လျှို့ဝှက်အစီရင်ခံစာအရ သိရသည်။ ထိုဖြစ်ရပ်ကြောင့် ဂျာမနီပြည်ထဲရေးဝန်ကြီးက ၎င်းကို…

You missed