PSM (News) ဩဂုတ် ၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ရှိ ထပ်ဆီရင် ကျောင်း (Thepsirin School) အတွင်း ယနေ့ ဩဂုတ်လ ၇ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုအတွင်း သေနတ်သမား အပါအဝင် လူ ၇ ဦး သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားလိုက်သည်။ သေဆုံးသူများတွင် ကျောင်းဆရာ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် သေနတ်သမားကိုယ်တိုင် ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အခြား ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင် ကုသ ပေးထားရသည်။ အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ “အလွန်တရာ ဆိုးရွားလွန်းသည့် အဖြစ်ဆိုး” ဟု ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် က ဖော်ပြထားသည်။ ထို့ပြင် ထိခိုက်သေဆုံးသူများအတွက် အလေးအနက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒဏ်ရာရရှိ သူများကို အရေးပေါ် ကူညီထောက်ပံ့မှုများ ချက်ချင်း ပေးအပ်ရန် သက်ဆိုင်ရာ အာဏာပိုင် များကို ညွှန်ကြားထားသည်။ ယခုကဲ့သို့ ကျောင်းအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားချိန်သည် အာဏာလု သမ္မတ မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ၂ ရက်ကြာ တရားဝင် ခရီးစဉ် ရောက်ရှိနေ့သည့် နောက်ဆုံးနေ့နှင့် တိုက်ဆိုင်လျက်ရှိသည်။ အာဏာလု သမ္မတ မင်းအောင်လှိုင်သည် ထိုင်းအစိုးရ၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင်က စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ Post navigation တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ထောင်ပေါင်းများစွာသော လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ နွန်သဘူရီ ကျောင်းပစ်ခတ်မှုမတိုင်မီ သေနတ်သမား ကျောင်းသားက အဘိုးနှင့် အဘွားဖြစ်သူကိုပါ သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိ