PSM (News) ဩဂုတ်၇၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်ရှိ နာမည်ကြီး ဘရိုမိုတောင် အမျိုးသားဥယျာဉ်တွင် တနင်္လာနေ့ကတည်းက စတင်လောင်ကျွမ်းနေသော တောမီးကြောင့် မြေဧရိယာ အနည်းဆုံး ဟက်တာ ၆၀ (ဧက ၁၄၈) မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သဘာဝဘေး အန္တရာယ် ကာကွယ်ရေး ဌာနက ကြေညာလိုက်သည်။ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး တာဝန်ရှိသူများသည် မီးငြှိမ်းသတ်ရန်နှင့် အပူချိန်မြင့်သည့်နေရာများကို ရှာဖွေဖော်ထုတ်ရန်အတွက် မီးသတ်ကားတစ်စီး၊ ရေတင်သင်္ဘောနှင့် ဒရုန်းယာဉ်တို့ကို စေလွှတ်ထားသည်။ မီးလောင်နေသည့် နေရာ၏ မြေမျက်နှာသွင်ပြင်မှာ မတ်စောက်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ရှိနေခြင်းကြောင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အခက်အခဲဖြစ်စေလျက် ရှိသည်။ တာဝန်ရှိသူများသည် တနင်္လာနေ့မှစတင်ကာ ဥယျာဉ်၏ အချို့နေရာများကို ခရီးသွားများအတွက် ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။ ကိုးကား-Reuters Post navigation ဂျာမန်လေဆိပ်တွင် ဒရုန်းအနီး တွေ့ရှိရသည့် လေယာဉ်ပေါ်၌ စစ်ဘက်သုံး ခဲယမ်းများ သယ်ဆောင်လာခဲ့ဟု ဖော်ပြ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ထောင်ပေါင်းများစွာသော လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ