PSM (News) ဩဂုတ် ၇၊၂၀၂၆ ဂျာမနီနိုင်ငံ လိုင်းပဇစ်/ဟယ်လေ လေဆိပ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများပါရှိသည့် ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ရသည်။ယင်းဒရုန်းအနီးတွင် ရပ်တန့်ထားသော ယူကရိန်းကုန်တင်လေယာဉ်ပေါ်၌ စစ်ဘက်သုံး ခဲယမ်းမီးကျောက်များ တင်ဆောင်လာခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ဒရုန်းတွင် တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများသည် အဆင့်မြင့် စစ်ဘက်သုံး အမျိုးအစားများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ လျှို့ဝှက်အစီရင်ခံစာအရ သိရသည်။ ထိုဖြစ်ရပ်ကြောင့် ဂျာမနီပြည်ထဲရေးဝန်ကြီးက ၎င်းကို ဟိုက်ဘရစ်တိုက်ခိုက်မှုတစ်ခုနှင့် အန္တရာယ်အဆင့် မြင့်မားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပါလီမန် အထောက်အလှမ်းရေးရာ ကော်မတီဝင်တစ်ဦးကလည်း ရုရှားနိုင်ငံကို တိုက်ရိုက် စွပ်စွဲပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါညတွင်ပင် အခြားကုန်တင်ဂျက်လေယာဉ်တစ်စင်းလည်း အမည်မသိ ပစ္စည်းတစ်ခုနှင့် တိုက်မိခဲ့သဖြင့် ဟန်နဗားမြို့သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ လက်ရှိတွင် လေဆိပ်၏ လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ပြီး အာဏာပိုင်များက ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။ ကိုးကား-Reuters Post navigation ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ကနေဒါနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် တရုတ်တက်ကြွလှုပ်ရှားသူ ကျန်းရှင်းယန် အင်ဒိုနီးရှားနိုင်ငံ ဘရိုမိုတောင် အမျိုးသားဥယျာဉ်တွင် ဟက်တာ ၆၀ ကျော် မီးလောင်ကျွမ်း