PSM(News) ဩဂုတ် ၇၊၂၀၂၆ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းများပြိုကျပျက်စီးခြင်း၊ တံတားများနှင့် လျှပ်စစ်မီး၊ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၂၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း CCTV အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ရှန်ရှီပြည်နယ် ဇန်အန်ခရိုင် ရှန်လော့မြို့ရှိ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော လမ်းများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများက သောက်သုံးရေနှင့် ဆန်စသည့် ကယ်ဆယ်ရေးပစ္စည်းများကို ခြေကျင်သယ်ဆောင်ကူညီနေကြပုံများကို အဆိုပါ ရုပ်သံလွှင့်ဌာနက ပြသခဲ့သည်။ အဆိုပါဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နိုင်ခြေရှိကြောင်း CCTV က ဖော်ပြခဲ့သည်။ ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ ရှန်ရှီပြည်နယ်တွင် လူ ၁၄၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များကို ကိုးကား၍ CCTV က ဆိုသည်။ ကိုးကား-Reuters Post navigation အင်ဒိုနီးရှားနိုင်ငံ ဘရိုမိုတောင် အမျိုးသားဥယျာဉ်တွင် ဟက်တာ ၆၀ ကျော် မီးလောင်ကျွမ်း နွန်သဘူရီရှိ ထပ်ဆီရင်ကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ၊ ဝန်ကြီးချုပ် အနုတင် အရေးပေါ် ကူညီရန် ညွှန်ကြား