Author: Htet Ko

ဟော်မုဇ် ရေလက်ကြားတွင် အီရန်က ‘ဂိတ်ကြေးကောက်ခံသည့်စနစ်’ ကျင့်သုံး၍ ဖြတ်သန်းခွင့်ပြုနေ

PSM(NEWS) မတ် ၂၇၊၂၀၂၆ အီရန်လွှတ်တော်က အရေးပါသော ရေကြောင်းလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို အခွန်အခ တရားဝင်ကောက်ခံရန် အစီအစဉ်များ မချမှတ်မီကပင် ဟော်မုဇ် ရေလက်ကြားတွင်အီရန်က“လက်တွေ့ကျသောဂိတ်ကြေးကောက်ခံသည့်စနစ်” ကို စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်သော Lloyd’s List ၏ ဖော်ပြချက်အရ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် သင်္ဘောများအနေဖြင့် အထောက်အထား အပြည့်အစုံတင်ပြရန်၊ခွင့်ပြုချက်ကုဒ်နံပါတ်များ…

ရုရှား၏ ရေနံတင်ပို့မှုစွမ်းရည် အနည်းဆုံး ၄၀ ရာခိုင်နှုန်းခန့် ရပ်တန့်နေ

PSM(NEWS) မတ်လ ၂၇၊၂၀၂၆ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ အဓိက ပိုက်လိုင်းတစ်ခု တိုက်ခိုက်ခံရမှုနှင့် ရေနံတင်သင်္ဘောများသိမ်းဆည်းခံရမှုတို့ကြောင့် ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုစွမ်းရည်အနည်းဆုံး ၄၀ရာခိုင်နှုန်းခန့်ရပ်တန့်သွားကြောင်းဈေးကွက်အချက်အလက်များကို အခြေခံ၍ Reuters က တွက်ချက်ဖော်ပြခဲ့သည်။ ထိုသို့ရပ်တန့်သွားခြင်းသည်ကမ္ဘာ့ဒုတိယအကြီးဆုံးရေနံတင်ပို့သည့်ရုရှားနိုင်ငံ၏ခေတ်သစ်သမိုင်းတွင်အပြင်းထန်ဆုံးရေနံထောက်ပံ့မှုပြတ်တောက်ခြင်း ဖြစ်သည်။ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ကျော်အထိမြင့်တက်နေချိန်တွင်မော်စကိုအနေဖြင့်ဤကဲ့သို့ထိုးနှက်ချက်နှင့်ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ယူကရိန်းသည် ယခုလအတွင်း ရုရှား၏ရေနံနှင့် လောင်စာဆီတင်ပို့သည့်အခြေခံအဆောက်အအုံများကိုဒရုန်းဖြင့်တိုက်ခိုက်မှုများတိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပင်လယ်နက်ရှိ…

ဖမ်းဆီးခံ ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရို အမေရိကန်တရားရုံးတွင် ဒုတိယအကြိမ် ထွက်ဆို

PSM(NEWS) မတ် ၂၇၊၂၀၂၆ အမေရိကန်အထူးတပ်ဖွဲ့များ၏ ညတွင်းချင်း ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလက်စ် မာဒူရိုသည် မတ်လ ၂၆ရက်ကြာသပတေးနေ တွင်နယူးယောက်တရားရုံး၌ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းကို ခံယူရမည် ဖြစ်သည်။ အသက် ၆၃ နှစ်အရွယ်ရှိ မာဒူရိုနှင့် ဇနီးဖြစ်သူ ဆီလီယာဖလောရက်စ်တို့သည်ဇန်နဝါရီလအစောပိုင်းက ကာရာကတ်စ်မြို့ရှိ ၎င်းတို့၏ နေအိမ်ဝင်းအတွင်း အမေရိကန်ကွန်မန်ဒိုများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက်ဘရွတ်ကလင်အကျဉ်းထောင်တွင်သုံးလနီးပါးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ အဆိုပါ ရုတ်တရက်…

အီရန်စစ်ပွဲတွင်ငြိမ်းချမ်းရေဆွေးနွေးမှုများပြုလုပ်ရန်တရုတ်တိုက်တွန်း

PSM(NEWS) မတ် ၂၇၊၂၀၂၆ အရှေ့အလယ်ပိုင်းပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအနေဖြင့်”စစ်မှန်ပြီးပွင့်လင်းမြင်သာမှုရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ရန် အခြေအနေများ ဖန်တီးကြပါရန်” တရုတ်နိုင်ငံကကြာသပတေးနေ့တွင်တိုက်တွန်းပြောကြားလိုက်သည်။ “လက်ရှိအရေးကြီးဆုံးကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ကြွစွာ ဖော်ဆောင်ဖို့၊ ငြိမ်းချမ်းရေးအခွင့်အလမ်းကိုအရယူဖို့နဲ့စစ်ပွဲရပ်တန့်ရေးကို တွန်းအားပေးဖို့ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်းကျန့်ကပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြားဆွေးနွေးမှုများရှိ၊မရှိမေးမြန်းချက်အပေါ်၎င်းကထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း အမေရိကန်နှင့်အီရန်တို့အကြားဆွေးနွေးမှုဆိုင်ရာ အချက်ပြမှုများ ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးအတွက်”မျှော်လင့်ချက်ရောင်ခြည်”ကိုမြင်တွေ့ရကြောင်းဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းကအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမည်မဖော်လိုသည့် အီရန်အရာရှိများနှင့် အပြုသဘောဆောင်သော…

ထိုင်းနိုင်ငံ ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် မြန်မာ ၈၈ ဦးကိုပြန်ပို့ ၊စစ်ကော်မရှင်က အသက်ပြည့်မီသူများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီး ခေါ်ဆောင်မှုများရှိ

PSM (News) မတ် ၂၆ ၊ ၂၀၂၆ ထိုင်းနိုင်ငံရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား ၈၈ ဦးကို မတ်လ ၂၅ ရက် ရက်က ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် ပြန်ပို့ခဲ့ကြောင်း ရနောင်းလူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ ၊ ရနောင်းခရိုင် ၊ ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံသားအမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၂၁ ဦး…

မန္တလေးအနီး အင်အား ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ စစ်ကိုင်းငလျင်ကြီး ၁ ပြည့်ခါနီးတွင်လှုပ်ခတ်ခြင်းဖြစ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

PXM(News) မတ် ၂၆၊ ၂၀၂၆ မန္တလေးမြို့ အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ ယနေ့ ည ၇ နာရီ ၃၇ မိနစ်အချိန်တွင် အင်အားရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါငလျင်သည် မြေအောက်အနက် ၁၀…

ငဖဲမြို့နယ်၊ မန်းချောင်းဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ၂၀ ဦး သေဆုံး

PSM (News) မတ် ၂၆ ၊ ၂၀၂၆ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း (ကြောင်နွားသိုး) ဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က ယနေ့ မတ်…

အမေရိကန်၏ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ပြန်လည်သုံးသပ်နေသော်လည်း ဆွေးနွေးပွဲများပြုလုပ်ရန်မရှိဟု အီရန်ပြောကြား

PSM(NEWS) မတ် ၂၆၊၂၀၂၆ လေးပတ်နီးပါး ကြာမြင့်လာပြီဖြစ်သော တိုက်ပွဲများကို ရပ်တန့်ရန်အတွက် အီရန်နိုင်ငံသည် သဘောတူညီချက်တစ်ခုရရှိရန် အသည်းအသန် လိုလားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ၎င်းတို့အနေဖြင့် အမေရိကန်၏ အဆိုပြုချက်ကိုပြန်လည်သုံးသပ်နေသော်လည်း ပဋိပက္ခလျှော့ချရေးအတွက်ဆွေးနွေးပွဲများ ပြုလုပ်ရန်ရည်ရွယ်ချက်မရှိကြောင်းတုံ့ပြန်ခဲ့သဖြင့် အခြေအနေများ ရှုပ်ထွေးလျက်ရှိသည်။ အဆိုပါ ကွဲလွဲနေသော ထုတ်ပြန်ချက်များသည် စစ်ပွဲ၏စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်မှုများမြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီးနိုင်ငံများနှင့်ကုမ္ပဏီများသည်ယင်း၏နောက်ဆက်တွဲဆိုးကျိုးများကိုထိန်းချုပ်ရန်ကြိုးပမ်းနေကြရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး…

You missed