PSM(NEWS) မတ်လ ၂၇၊၂၀၂၆ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ အဓိက ပိုက်လိုင်းတစ်ခု တိုက်ခိုက်ခံရမှုနှင့် ရေနံတင်သင်္ဘောများသိမ်းဆည်းခံရမှုတို့ကြောင့် ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုစွမ်းရည်အနည်းဆုံး ၄၀ရာခိုင်နှုန်းခန့်ရပ်တန့်သွားကြောင်းဈေးကွက်အချက်အလက်များကို အခြေခံ၍ Reuters က တွက်ချက်ဖော်ပြခဲ့သည်။ ထိုသို့ရပ်တန့်သွားခြင်းသည်ကမ္ဘာ့ဒုတိယအကြီးဆုံးရေနံတင်ပို့သည့်ရုရှားနိုင်ငံ၏ခေတ်သစ်သမိုင်းတွင်အပြင်းထန်ဆုံးရေနံထောက်ပံ့မှုပြတ်တောက်ခြင်း ဖြစ်သည်။ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ကျော်အထိမြင့်တက်နေချိန်တွင်မော်စကိုအနေဖြင့်ဤကဲ့သို့ထိုးနှက်ချက်နှင့်ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ယူကရိန်းသည် ယခုလအတွင်း ရုရှား၏ရေနံနှင့် လောင်စာဆီတင်ပို့သည့်အခြေခံအဆောက်အအုံများကိုဒရုန်းဖြင့်တိုက်ခိုက်မှုများတိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပင်လယ်နက်ရှိ နိုဗိုရိုစီယား ဆိပ်ကမ်းနှင့်ဘောလ်တစ်ပင်လယ်ရှိပရီမော့စ်နှင့် အုစ်-လူဂါဆိပ်ကမ်းများ အပါအဝင် ရုရှား၏ အဓိကအနောက်ဘက်ရေနံတင်ပို့သည့်ဆိပ်ကမ်း ၃ ခုလုံး တိုက်ခိုက်ခံခဲ့ရသည်။ တွက်ချက်မှုများအရ ဗုဒ္ဓဟူးနေ့အထိ ရုရှား၏ ရေနံစိမ်းတင်ပို့မှုစွမ်းရည်၏ ၄၀ ရာခိုင်နှုန်း (သို့မဟုတ်) တစ်နေ့လျှင် ရေနံစည်ပေါင်း ၂ သန်းခန့်တင်ပို့မှုရပ်ဆိုင်းသွားကြောင်းသိရသည်။ ၎င်းတွင်အနောက်ဘက်ဆိပ်ကမ်းများသာမက ယူကရိန်းကိုဖြတ်သန်း၍ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားနိုင်ငံများသို့ သွယ်တန်းထားသည့် “ဒရုဇ်ဘာ”ရေနံပိုက်လိုင်းလည်း ပါဝင်သည်။ ဆိပ်ကမ်းများ: တစ်နေ့လျှင်ရေနံစည်၇၀၀,၀၀၀ အထိတင်ပို့နိုင်သည့်နိုဗိုရိုစီယားရေနံဆိပ်ကမ်းသည်ယခုလအစောပိုင်းကဒရုန်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားခဲ့ပြီးနောက်လျာထားချက်အောက်လျော့နည်း၍သာတင်ဆောင်နိုင်တော့သည်။ ပိုက်လိုင်းများ: ဒရုဇ်ဘာ ရေနံပိုက်လိုင်း၏ အစိတ်အပိုင်းအချို့သည်ဇန်နဝါရီလကုန်ပိုင်းက တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည်။ :ဥရောပတွင်ရုရှားနှင့်ဆက်နွှယ်သည့်ရေနံတင်သင်္ဘောများ ခဏခဏ ဖမ်းဆီးခံနေရသဖြင့် မူမန့်စ်ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့နေသည့် အာတိတ်ဒေသထွက် ရေနံတင်ပို့မှုမှာလည်း တစ်နေ့လျှင် စည်ပေါင်း ၃၀၀,၀၀၀ ခန့် ပြတ်တောက်လျက်ရှိသည်။ အနောက်ဘက်သို့တင်ပို့သည့်လမ်းကြောင်းများ တိုက်ခိုက်ခံနေရသဖြင့်မော်စကိုသည်အာရှဈေးကွက်သို့ရေနံတင်ပို့မှုကိုပိုမိုအားကိုးလာရသည်။ သို့သော် အဆိုပါ လမ်းကြောင်းများသည်လည်း တင်ပို့နိုင်စွမ်းကန့်သတ်ချက်များ ရှိနေသည်။ ရုရှားသည်တရုတ်နိုင်ငံသို့ပိုက်လိုင်းများမှတစ်ဆင့်ရေနံကိုအနှောင့်အယှက်မရှိဆက်လက်ထောက်ပံ့နေသကဲ့သို့ကိုဇ်မီနိုဆိပ်ကမ်းမှတစ်ဆင့်ပင်လယ်ရေကြောင်းလမ်းကြောင်းများကိုလည်း အသုံးပြုနေဆဲဖြစ်သည်။ အဆိုပါ လမ်းကြောင်း ၃ ခုမှတစ်ဆင့် တစ်နေ့လျှင် ရေနံစည် ၁.၉ သန်းခန့် တင်ပို့နေကြောင်း သိရသည်။ ကိုးကား Reuters . Post navigation ဖမ်းဆီးခံ ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရို အမေရိကန်တရားရုံးတွင် ဒုတိယအကြိမ် ထွက်ဆို ဟော်မုဇ် ရေလက်ကြားတွင် အီရန်က ‘ဂိတ်ကြေးကောက်ခံသည့်စနစ်’ ကျင့်သုံး၍ ဖြတ်သန်းခွင့်ပြုနေ