international news အီရန်နှင့်စစ်ပွဲအတွင်း အမေရိကန်ကတိုမာဟော့ခ်ဒုံးကျည် ရာနှင့်ချီ အသုံးပြုနေမှုအပေါ် ပင်တဂွန်စိုးရိမ်နေ March 28, 2026 Htet Ko PSM(NEWS) မတ်လ ၂၈၊၂၀၂၆ အမေရိကန်စစ်တပ်သည် အီရန်နှင့် လေးပတ်ကြာ ဖြစ်ပွားနေသော စစ်ပွဲအတွင်းတိုမာဟော့ခ်ခရုစ်ဒုံးကျည် ပေါင်း ၈၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ တိကျသေချာသည့် လက်နက်များကို အရှိန်အဟုန်ဖြင့် အသုံးပြုနေမှုအပေါ် ပင်တဂွန် စစ်ဌာနချုပ် အရာရှိအချို့က စိုးရိမ်မကင်းဖြစ်နေပြီး လက်နက်အင်အား ထပ်မံဖြည့်တင်းနိုင်ရေးအတွက် ပြည်တွင်း၌ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။…
ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – နိုင်ငံတကာသတင်း (27.3.2026) March 27, 2026 Htet Ko https://www.youtube.com/watch?v=cIZZq1qxg7A
ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – ရုပ်သံသတင်းအစီအစဉ်(27.3.2026) March 27, 2026 Htet Ko https://www.youtube.com/watch?v=zzI4xZyv4kA&t=61s
daily-news ၅ နှစ်အတွင်း ဗုံးကြဲမှု ၇,၀၀၀ နီးပါးရှိလာ၊ စစ်အုပ်စုထံ လေယာဉ်ဆီစီးဝင်မှု အာဆီယံနှင့် နိုင်ငံတကာ အရေးပေါ်ပိတ်ဆို့ရန် Blood Money တောင်းဆို March 27, 2026 Htet Ko PSM(News) မတ် ၂၇၊ ၂၀၂၆ မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၄,၃၀၀ နီးပါး သေဆုံးခဲ့ရကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ယမန်နေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။ စစ်အုပ်စုသည် ၎င်းတို့အာဏာသိမ်းခဲ့သည့်…
international news ဟော်မုဇ်ရေလက်ကြားအနာဂတ်လုံခြုံရေးမစ်ရှင်အတွက်နိုင်ငံပေါင်း၃၅နိုင်ငံနှင့်ပြင်သစ်ဆွေးနွေးမှုများပြုလုပ် March 27, 2026 Htet Ko PSM(NEWS) မတ်၂၇၊ ၂၀၂၆ အမေရိကန်-အစ္စရေးနှင့် အီရန် တို့အကြား ဖြစ်ပွားနေသောစစ်ပွဲအပြီးတွင်ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မိတ်ဖက်နိုင်ငံများနှင့် အဆိုပြုချက်များရရှိရန် ပြင်သစ်စစ်ဘက်ဆိုင်ရာ အကြီးအကဲသည် ကြာသပတေးနေ့တွင် နိုင်ငံပေါင်း ၃၅နိုင်ငံခန့်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းပြင်သစ်အစိုးရက ပြောကြားခဲ့သည်။ အမေရိကန်၏အနောက်အုပ်စုမဟာမိတ်များက လက်ရှိဖြစ်ပွားနေသောပဋိပက္ခတွင်ပါဝင်မည်မဟုတ်ကြောင်းပြောကြားထားသော်လည်း၊တိုက်ပွဲများပြီးဆုံးသွားသည့်တိုင်ကမ္ဘာ့ရေနံထောက်ပံ့မှုငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ၎င်းရေလမ်းကြောင်းကိုအီရန်ကဆက်လက်ခြိမ်းခြောက်နေမည်ကို စိုးရိမ်သောကြောင့်ယခုကဲ့သို့ကန့်လန့်ကာနောက်ကွယ်မှပြင်ဆင်မှုများပြုလုပ်လာခြင်းဖြစ်သည်။ အီရန်ကအမေရိကန်နှင့်အစ္စရေးတို့၏ပဋိပက္ခအတွင်းကုန်တင်သင်္ဘောများကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းထိုဒေသအတွင်းရေကြောင်းသွားလာမှုမှာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်လက်နက်ကိုင်တပ်ဖွဲ့များဦးစီးချုပ်ဖေဘီယန်မန်ဒွန်နှင့်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ဆွေးနွေးခဲ့သည့်နိုင်ငံအမည်များကိုထည့်သွင်းဖော်ပြခြင်းမရှိသော်လည်းတိုက်ကြီးအားလုံးမှနိုင်ငံများပါဝင်ကြောင်း ဖော်ပြထားသည်။ ရင်းမြစ်များ၏အဆိုအရဤဆွေးနွေးမှုများသည် အကျပ်အတည်းအပေါ် နိုင်ငံအသီးသီး၏ အမြင်များကိုသိရှိရန်နှင့်နောင်တွင်ဆောင်ရွက်မည့်မစ်ရှင်ပုံစံအတွက်အကြံဉာဏ်များရယူရန်ဖြစ်ကြောင်း သိရသည်။…
international news အီရန်နှင့် ပဋိပက္ခအတွင်း မောင်းသူမဲ့ ဒရုန်းစပိဘုတ်များကို အမေရိကန် စတင်အသုံးပြု March 27, 2026 Htet Ko PSM(NEWS) မတ် ၂၇ ၊ ၂၀၂၆ အမေရိကန် ပြည်ထောင်စုသည် အီရန်ကိုဆန့်ကျင်တိုက်ခိုက်နေသည့်စစ်ဆင်ရေးများတွင်ကင်းလှည့်ရန်အတွက်မောင်းသူမဲ့ဒရုန်းစပိဘုတ်များ (Uncrewed Drone Speedboats)ကိုစတင်အသုံးပြုနေပြီဖြစ်ကြောင်း ပန်တဂွန် စစ်ဌာနချုပ်ကအတည်ပြုလိုက်သည်။ ၎င်းသည် ဖြစ်ပွားနေသော ပဋိပက္ခတစ်ခုအတွင်းဝါရှင်တန်အနေဖြင့်ယခုကဲ့သို့သောရေယာဉ်များကိုအသုံးပြုကြောင်းပထမဆုံးအကြိမ်ဝန်ခံလိုက်ခြင်းလည်းဖြစ်သည်။ “ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တင်မ် ဟော့ကင်း က “Operation Epic Fury” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတွင် Global Autonomous…
international news ဒရုန်းနှင့် မိုင်းအန္တရာယ်များ – ခါ့ဂ်ကျွန်း ကို သိမ်းပိုက်ခြင်းသည်အမေရိကန်တပ်ဖွဲ့များအတွက် စိန်ခေါ်မှုဖြစ်လာနိုင် March 27, 2026 Htet Ko PSM(NEWS) မတ် ၂၇ ၊၂၀၂၆ အီရန်နိုင်ငံ၏မဟာဗျူဟာမြောက်ရေနံအချက်အခြာနေရာဖြစ်သော ခါ့ဂ်ကျွန်း ကိုသိမ်းပိုက်ရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်သင့်၊ မသင့် သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားသုံးသပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်သော်လည်းအမေရိကန်တပ်ဖွဲ့ဝင်များအတွက်အန္တရာယ်ကြီးမားနိုင်သလို စစ်ပွဲကိုလည်း ပိုမိုရှည်ကြာစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။ ခါ့ဂ်ကျွန်းသည်အီရန်ကမ်းရိုးတန်းမှ၁၆မိုင်(၂၆ကီလိုမီတာ)အကွာ၊ပါရှန်ကွေ့မြောက်ဘက်စွန်းတွင် တည်ရှိပြီး ဟော်မုဇ်ရေလက်ကြား ၏ အနောက်မြောက်ဘက်မိုင်၃၀၀ခန့်တွင်တည်ရှိသည်။ ၎င်းကျွန်းသည် ရေနက်ပိုင်းတွင်ရှိသဖြင့် အီရန်ပြည်မကြီး၏တိမ်လုနီးပါးကမ်းရိုးတန်းရေပြင်သို့မကပ်နိုင်သောရေနံတင်သင်္ဘောကြီးများဆိုက်ကပ်နိုင်သည့်တစ်ခုတည်းသောနေရာဖြစ်သည်။…
daily-news ဗမာ့တပ်တော် အပတ်စဉ်-၄ စစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ March 27, 2026 Htet Ko PSM (News) မတ် ၂၇၊ ၂၀၂၆ ဗမာ့တပ်တော် (Bamar Army-BA) ၏ အပတ်စဉ် (၄/၂၀၂၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မတ်လ ၂၆ ရက်နေ့က အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဗမာ့တပ်တော် (BA) တပ်ဖွဲ့ဝင် ရဲဘော်များသည် လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်နှင့် ဝိုင်းမော် စစ်ဆင်ရေးများတွင်…
international news မြောက်ကိုရီးယားနှင့် ဘီလာရုစ်နိုင်ငံတို့ “ချစ်ကြည်ရေး” စာချုပ် လက်မှတ်ရေးထိုး March 27, 2026 Htet Ko PSM(NEWS) မတ် ၂၇၊ ၂၀၂၆ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း နှင့်ဘီလာရုစ်သမ္မတအလက်ဇန်းဒါးလူကာရှန်ကိုတို့သည်ကြာသပတေးနေ့တွင်နှစ်နိုင်ငံ“ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး”စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ လူကာရှန်ကို၏ပထမဆုံးသောမြောက်ကိုရီးယား ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသည် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံခဲ့ကြကြောင်းသိရသည်။ ယူကရိန်းကို ရုရှားကကျူးကျော်သည့်စစ်ပွဲတွင် ထောက်ခံအားပေးနေကြသည့်အဆိုပါနှစ်နိုင်ငံစလုံးသည်လက်ရှိတွင်အနောက်အုပ်စု၏ပိတ်ဆို့အရေးယူမှုများကိုရင်ဆိုင်နေရပြီးလူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်းစွပ်စွဲခံထားရသည့် နိုင်ငံများဖြစ်သည်။ ၎င်းတို့ခေါင်းဆောင်နှစ်ဦးသည်ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့ဖူးသည်။ “ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကနိုင်ငံတကာဥပဒေတွေကိုဗြောင်ကျကျလျစ်လျူရှုပြီးချိုးဖောက်နေတဲ့ အခုလိုကမ္ဘာ့အပြောင်းအလဲကာလမှာ လွတ်လပ်တဲ့နိုင်ငံတွေအနေနဲ့မိမိတို့ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ လူနေမှုဘဝမြှင့်တင်ဖို့ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရပါမယ်” ဟု လူကာရှန်ကိုက ပြောကြားခဲ့ကြောင်း ဘီလာရုစ်နိုင်ငံပိုင်…
daily-news ဖက်ဆစ်တော်လှန်ရေးနေ့နောက်ပိုင်း စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်မည်ဟု ဒုတပ်ချုပ် စိုးဝင်း ပြောကြား March 27, 2026 Htet Ko PSM (News) မတ် ၂၇ ၊ ၂၀၂၆ ယနေ့ မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့ (သို့မဟုတ်) စစ်အုပ်စု၏ တပ်မတော်နေ့ အခမ်းအနားများ ပြီးဆုံးပြီးနောက် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း အပြောင်း အလဲများ ဖြစ်ပေါ်လာမည်ဟု ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သည့် ပြည်တွင်းအခြေစိုက် သတင်းဌာနများတွင်…