international news ခရင်မီးယားတွင်ရုရှားစစ်ဘက်လေယာဉ် ပျက်ကျ၊ လူ ၂၉ ဦး သေဆုံး April 2, 2026 Htet Ko PSM(NEWS) ဧပြီ ၂၊၂၀၂၆ ရုရှားနိုင်ငံက သိမ်းပိုက်ထားသည့် ခရင်မီးယားကျွန်းဆွယ်တွင် ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်အဖွဲ့သား ၆ ဦးနှင့် ခရီးသည် ၂၃ ဦး၊ စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြည်တွင်းသတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ရုရှားက ကျူးကျော်သိမ်းပိုက်ထားသော ခရင်မီးယားကျွန်းဆွယ်ပေါ်၌…
ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – နိုင်ငံတကာသတင်း (1.4.2026) April 1, 2026 Htet Ko https://www.youtube.com/watch?v=JiBA_CJ-kYY
ရုပ်သံသတင်း 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – ရုပ်သံသတင်းအစီအစဉ်(1.4.2026) April 1, 2026 Htet Ko https://www.youtube.com/watch?v=XsnYrshxra4
international news ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် လူလိုက်ပါမည့် လကမ္ဘာခရီးစဉ်အတွက် NASA ၏ ဒုံးပျံနှင့် ရာသီဥတု အခြေအနေ ကောင်းမွန်နေ April 1, 2026 Htet Ko PSM(NEWS) ဧပြီ ၁၊ ၂၀၂၆ သီတင်းပတ်ပေါင်းများစွာလောင်စာဆီယိုစိမ့်မှုနှင့်အခြားအခက်အခဲများကြုံတွေ့ခဲ့ရပြီးနောက်၊နှစ်ပေါင်း ၅၀ ကျော်အတွင်းလူသားတို့၏ ပထမဆုံးသော လကမ္ဘာခရီးစဉ် မစတင်မီ တစ်ရက်အလို အင်္ဂါနေ့တွင်အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးဌာန (NASA) ၏ ပြင်ဆင်မှုများမှာ အဆင်ပြေချောမွေ့လျက်ရှိသည်။ လွှတ်တင်မည့်စင်ပေါ်ရှိ လကမ္ဘာသွားဒုံးပျံမှာ အခြေအနေကောင်းမွန်ပြီး ရာသီဥတုမှာလည်း စိတ်ချရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတုသာယာနိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိနေသည်။…
daily-news ကျောက်ကြီးတွင် စစ်ကော်မရှင်၏ မီးရထားလမ်းကင်းစခန်းကို KNLA ပူးပေါင်းစစ်ကြောင်း ဝင်ရောက်စီးနင်း April 1, 2026 Htet Ko PSM(News) ဧပြီ ၁၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေဖြစ်သော ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်း အခြေချထားသည့် စစ်ကော်မရှင်၏ ဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဧပြီ ၁ ရက်တွင် KNU ဗဟိုက ထုတ်ပြန်သည်။ လယ်ဒိုမြို့နယ်၊ သာယာကုန်းနှင့်…
daily-news ဗကသ ခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ် မြောင်းမြထောင်မှ ယနေ့ ပြန်လည် လွတ်မြောက် April 1, 2026 Htet Ko PSM(News) ဧပြီ ၁၊ ၂၀၂၆ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင်ဟောင်း ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ်သည် ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှ လွတ်ရက်စေ့၍ ယနေ့ ဧပြီလ ၁ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ ကိုလင်းထက်နိုင် လွတ်မြောက်လာမှုကို ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့်…
international news ကူဝိတ်လေဆိပ်ရှိလောင်စာဆီကန်များကိုအီရန်ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်မီးလောင်ကျွမ်း၊ထိခိုက်ဒဏ်ရာရသူမရှိ April 1, 2026 Htet Ko PSM(NEWS) ဧပြီ ၁ ၊ ၂၀၂၆ ဗုဒ္ဓဟူးနေ့တွင်ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိလောင်စာဆီသိုလှောင်ကန်များကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြင်းထန်သော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်းလူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကူဝိတ်နိုင်ငံပိုင် သတင်းဌာန (KUNA) က ဖော်ပြခဲ့သည်။ အဆိုပါ လေဆိပ်နှင့် လောင်စာဆီသိုလှောင်ရုံများအပေါ် ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရမှုများမှာ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်မီးကျယ်ပြန့်လာခြင်း၏ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုဖြစ်သည်။ အီရန် သည် အစ္စရေးနိုင်ငံအပြင် အမေရိကန် စစ်အခြေစိုက်စခန်းများ…
daily-news ကသာတွင် စစ်ကော်မရှင်၏ ဗုံးကြဲမှုကြောင့် သံဃာနှင့် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့သည့် မဟာလေးထပ်ကျောင်းကြီးကို သက်တော် ၉၀ ကျော် ဆရာတော်ကြီး လိုက်လံကြည့်ရှု April 1, 2026 Htet Ko PSM (News) ဧပြီ ၁ ၊ ၂၀၂၆ စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုအလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ သမိုင်းဝင် “မဟာလေးထပ်ကျောင်းတိုက်” အပျက် အစီးများကို သက်တော် ၉၀ ကျော်အရွယ် ကျောင်းထိုင်ဆရာတော်ကြီးက တောင်ဝှေးအားပြု၍ လိုက်လံကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာသည်။ စစ်ကော်မရှင်သည် ပြီးခဲ့သည့် မတ်လ ၂၀…
international news အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် Aramco နှင့် Dow တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Sadara Chemical ထုတ်လုပ်မှုရပ်ဆိုင်း April 1, 2026 Htet Ko PSM(NEWS) ဧပြီ၁ ၊ ၂၀၂၆ ဆော်ဒီအာရေဗျအစိုးရပိုင် ရေနံကုမ္ပဏီကြီးဖြစ်သော အာရမ်ကို(Aramco) နှင့် အမေရိကန် ဓာတုဗေဒလုပ်ငန်း ဒေါင်(Dow) တို့ ဖက်စပ်လုပ်ဆောင်နေသည့် ဆာဒါရာဓာတုဗေဒကုမ္ပဏီ (Sadara Chemical Company) သည် ဆက်လက်ဖြစ်ပွားနေသော ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများကြောင့် ထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ၎င်း၏လက်အောက်ခံကုမ္ပဏီတစ်ခုကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ ဆာဒါရာ ဓာတုဗေဒကုမ္ပဏီသည် ဆော်ဒီအာရေဗျနိုင်ငံ၊ဂျူဘေးလ်မြို့တွင် နှစ်စဉ် ဓာတုပစ္စည်းနှင့် ပလတ်စတစ်…
international news အစ္စရေး၏ ပါလက်စတိုင်းများအပေါ် သေဒဏ်ပေးမည့် ဥပဒေသစ်အပေါ် EU စိုးရိမ်မကင်းဖြစ် April 1, 2026 Htet Ko PSM(NEWS) ဧပြီ ၁၊၂၀၂၆ အစ္စရေးစစ်ဘက်ဆိုင်ရာ တရားရုံးများတွင် သေစေလောက်သည့် တိုက်ခိုက်မှုများဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရသော ပါလက်စတိုင်းလူမျိုးများအား ကြိုးပေးသတ်ဖြတ်ရန် အစ္စရေး၏ ဆုံးဖြတ်ချက်အပေါ် ဥရောပသမဂ္ဂ (EU) က အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒါဟာ သိသိသာသာ နောက်ပြန်ဆုတ်သွားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ” ဟု ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အစ္စရေးအနေနဲ့ ယခင်က…