PSM(News) ဧပြီ ၁၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေဖြစ်သော ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်း အခြေချထားသည့် စစ်ကော်မရှင်၏ ဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဧပြီ ၁ ရက်တွင် KNU ဗဟိုက ထုတ်ပြန်သည်။ လယ်ဒိုမြို့နယ်၊ သာယာကုန်းနှင့် ခြံကြီးကျေးရွာအကြားရှိ မီးရထားလမ်း (၁၄၆) တံတား၌ အထိုင် ချထားသော စစ်ကော်မရှင်၏ ဂိတ်စခန်းကို ယမန်နေ့ မတ် ၃၁ ရက်နေ့ ည ၁၀ နာရီ၃၀ မိနစ်ခန့်တွင် KNLA တပ်ရင်း (၉)၊ တပ်ခွဲ-၃ ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးခဲ့ပြီး စခန်းအတွင်းရှိ တဲ သုံးလုံးကိုလည်း KNLA ပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာနေရာမှ လက်နက်ငယ် ခြောက် လက်နှင့် ကျည်မျိုးစုံ ၂၃၀ တောင့်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းစစ်ကြောင်း ဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ယခုတိုက်ခိုက်ခံရသည့် နေရာသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မီးရထားလမ်းပိုင်း လုံခြုံရေးအတွက် စစ်ကော်မရှင်က အထိုင်ချထားသည့် နေရာတစ်ခုဖြစ်ပြီး လက်ရှိတွင် နယ်မြေအတွင်း စစ်ရေးတင်းမာမှုများ ဆက်လက် ရှိနေကြောင်း သိရသည်။ ဓာတ်ပုံ-KNU Post navigation ဗကသ ခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ် မြောင်းမြထောင်မှ ယနေ့ ပြန်လည် လွတ်မြောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပြည်သူကရွေးချယ်သည့် သမ္မတ အဖြစ် ပုံဖော်ရန်အတွက် မနက်ဖြန်တွင် လွှတ်တော်အတု၌ မဲခွဲမည်