PSM(NEWS)

ဧပြီ ၁ ၊ ၂၀၂၆

ဗုဒ္ဓဟူးနေ့တွင်ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိလောင်စာဆီသိုလှောင်ကန်များကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြင်းထန်သော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်းလူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကူဝိတ်နိုင်ငံပိုင် သတင်းဌာန (KUNA) က ဖော်ပြခဲ့သည်။

အဆိုပါ လေဆိပ်နှင့် လောင်စာဆီသိုလှောင်ရုံများအပေါ် ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရမှုများမှာ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်မီးကျယ်ပြန့်လာခြင်း၏ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုဖြစ်သည်။ အီရန် သည် အစ္စရေးနိုင်ငံအပြင် အမေရိကန် စစ်အခြေစိုက်စခန်းများ လက်ခံထားရှိသည့် ပင်လယ်ကွေ့အာရပ်နိုင်ငံများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် ကူဝိတ်လေကြောင်း လောင်စာဆီဖြည့်တင်းရေးကုမ္ပဏီ ပိုင်ဆိုင်သည့် လောင်စာဆီကန်များ အကြီးအကျယ် ပျက်စီးသွားကြောင်း မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ KUNA သတင်းဌာနက ဖော်ပြသည်။

ကိုးကား Reuters

By Htet Ko