Author: Htet Ko

ဒရုန်းကျူးကျော်မှုအပေါ် ဆိုးလ်၏ နောင်တရကြောင်း ဖော်ပြချက်ကို မြောက်ကိုရီးယား ကြိုဆို

PSM(NEWS) ဧပြီ ၇ ၊ ၂၀၂၆ တောင်ကိုရီးယားနိုင်ငံသားတစ်ဦး၏ ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့မှုအပေါ် တောင်ကိုရီးယား အစိုးရ၏ နောင်တရကြောင်း ဖော်ပြချက်ကို မြောက်ကိုရီးယား ခေါင်းဆောင်၏ သြဇာညောင်းသော ညီမဖြစ်သူ ကင်ယိုဂျုံ က တနင်္လာနေ့တွင် ကြိုဆိုလိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့သည်။ သို့သော်လည်း နောက်ထပ်ရန်စမှုများ မပြုလုပ်ရန် ၎င်းက…

အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့တွင် လေးဦးသေဆုံး

PSM(NEWS) ဧပြီ ၇၊ ၂၀၂၆ အီရန်နှင့် အမေရိကန်-အစ္စရေးတို့အကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အစ္စရေးနိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ဟိုင်ဖာ သို့ အီရန်၏ ဒုံးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ သည် ဒုံးကျည်ကျရောက်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင်…

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များအပေါ် အီရန်က တုံ့ပြန်မှုများပြင်ဆင်ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

PSM(NEWS) ဧပြီ ၇၊ ၂၀၂၆ ကြားခံနိုင်ငံများမှတစ်ဆင့် ပေးပို့လာသော လတ်တလော အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များနှင့် ပတ်သက်၍ အီရန်နိုင်ငံအနေဖြင့် မိမိတို့၏ ရပ်တည်ချက်နှင့် တောင်းဆိုချက်များကို မူဘောင်ချမှတ် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် ညှိနှိုင်းဆွေးနွေးမှုများသည် “နောက်ဆုံးရာဇသံပေးခြင်းနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မည်ဟု ခြိမ်းခြောက်ခြင်းများ” နှင့် လိုက်လျောညီထွေမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။…

CDF-Asho က “သမ္မတသစ် မင်းအောင်လှိုင်ကိုယ်စား” ငဖဲမြို့တွင်း လှည့်လည်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး အာဏာရှင်ကို ဆက်လက်ပုန်ကန်ရန် တိုက်တွန်း

PSM(News) ဧပြီ ၆၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ်ခံယူကာ အစိုးရအဖွဲ့သစ်ကို ဟန်ပြဖွဲ့စည်းနေချိန်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (အရှို) – CDF-Asho က ငဖဲမြို့အတွင်းသို့ ဝင်ရောက်၍ “မြို့တွင်းစစ်ဆေးရေး” ပြုလုပ်ပြီး သရော်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက် ညပိုင်းတွင် CDF-Asho မှ စစ်ကြောင်းမှူး မြွေပွေး ဦးဆောင်သည့်…

စစ်ကိုင်း၊ မကွေးနှင့် မန္တလေး မြေပြင်အုပ်ချုပ်ရေးကို NUG နှင့် ဖက်ဒရယ်ယူနစ်များ ပူးပေါင်းအကောင် အထည်ဖော်မည်

PSM(News) ဧပြီ ၆၊ ၂၀၂၆ မြန်မာနိုင်ငံအလယ်ပိုင်း တော်လှန်ရေးဗဟိုချက်ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေး ဒေသများရှိ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ပိုမိုစနစ်တကျ လည်ပတ်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒေသအသီးသီးရှိ ဖက်ဒရယ်ယူနစ်များအကြား တိကျသည့် လုပ်ငန်းသဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။ ဧပြီ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင်…

၂၀၀၈ ဖွဲ့စည်းပုံချိုးဖောက်၍ ကျမ်းမကျိန်မီ ဝန်ကြီးချုပ်များခန့်ကာ ဝန်ကြီးဌာနစာရင်း တင်သွင်းသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်မှာ အာဏာရှင်သက်တမ်းတိုးပွဲသာဖြစ်

မောင်မောင်ကဲ / PSM(News) ဧပြီ ၆ ၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် အမည်ခံသမ္မတအဖြစ် ရယူရန် ပြင်ဆင်နေချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗြောင်ကျကျ ချိုးဖောက်၍ ဝန်ကြီးဌာန ၃၁ ခုဖြင့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း သိရသည်။ ယနေ့ ဧပြီ ၆ ရက်တွင် ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲမှ…

ဆောမြို့တွင် သက်ငယ်မုဒိမ်းကျူးလွန်ကာ လူသတ်အလောင်းဖျောက်သူကို NUG မြို့နယ်တရားရုံးက သေဒဏ်ပေး

PSM(News) ဧပြီ ၆၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့တွင် အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းကျူးလွန်ကာ လူသတ်အလောင်းဖျောက်ခဲ့သူ တရားခံ မင်းမင်းစိုးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မြို့နယ်တရားရုံးတစ်ခုက သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း ယောအလင်းတန်းမှ သိရသည်။ ဆောမြို့၊ သီရိရတနာရပ်ကွက်နေ အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်ကို ၂၀၂၅ ခုနှစ်၊…

You missed