Author: Htet Ko

အီရန်နှင့် သဘောတူညီချက်မရပါက ယနေ့ညတွင် ယဉ်ကျေးမှု နယ်ပယ်တစ်ခုလုံး ပျက်သုဉ်းသွားနိုင်ကြောင်း ဒေါ်နယ်ထရမ့် သတိပေး

PSM(NEWS) ဧပြီ ၈၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အင်္ဂါနေ့ အမေရိကန် အရှေ့ဘက်စံတော်ချိန် ၈နာရီ (-4GMT) တွင် သတ်မှတ်ထားသည့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး နောက်ဆုံး ရာဇသံကို အီရန်ဘက်က လိုက်နာခြင်းမရှိပါက အီရန်ရှိ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ဒေါ်နယ်ထရမ့်က “ယနေ့ညမှာ ယဉ်ကျေးမှုနယ်ပယ်တစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်”ဟု သတိပေး ပြောကြားခဲ့သော်လည်း…

အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မည့် အစီအစဉ်ကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် ဒေါ်နယ်ထရမ့် သဘောတူညီ

PSM(NEWS) ဧပြီ ၈၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်ရန် သတ်မှတ်ထားသည့် အချိန်ကာလမတိုင်မီ နှစ်နာရီအလိုတွင် တိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် အင်္ဂါနေ့က သဘောတူညီခဲ့သည်။ သို့သော် အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ကို “ချက်ချင်း၊ ဘေးကင်းလုံခြုံစွာနှင့် အပြည့်အဝ” ပြန်လည်ဖွင့်လှစ်ပေးရန် ဟူသော အချက်အပေါ်တွင် မူတည်ကြောင်း သမ္မတက ပြောကြားခဲ့သည်။…

ရုရှားက အီရန်သို့ ဆိုက်ဘာနည်းပညာနှင့် ဂြိုဟ်တုထောက်လှမ်းရေး အချက်အလက်များ ပံ့ပိုးပေးနေကြောင်း ယူကရိန်းပြောကြား

PSM(NEWS) ဧပြီ ၈၊ ၂၀၂၆ ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရေးကြီးနေရာများကို ဒါဇင်နှင့်ချီ၍ အသေးစိတ်ဓာတ်ပုံရိုက်ကူး ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး၊ အဆိုပါအချက်အလက်များကို အသုံးပြု၍ အီရန်က အမေရိကန်တပ်ဖွဲ့များနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ရန် ကူညီပေးခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေး၏ အကဲဖြတ်ချက်အရ သိရသည်။ အဆိုပါအစီရင်ခံစာတွင် ရုရှားနှင့် အီရန်နိုင်ငံမှ ဟက်ကာ များသည် ဆိုက်ဘာနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း…

ဘုတ်ပြင်းရှိ စစ်ကော်မရှင်အထိုင်စခန်းများ တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး

PSM(News) ဧပြီ ၇၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသော စစ်ကော်မရှင်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။ အင်အား ၂၀၀ ခန့်ရှိသော စစ်ကော်မရှင်စစ်ကြောင်းသည် လေညာ-ရတနာပုံလမ်းပိုင်းရှိ အမှတ် (၈) မိုင်အနီးသို့ ပြီးခဲ့သည့် မတ်လ…

အင်းတော်သိမ်းပိုက်ခြင်း ၁ နှစ်ပြည့်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနိုင်သဖြင့် ထပ်မံ တိမ်းရှောင်ရမည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေ

PSM(News) ဧပြီ ၇ ၊ ၂၀၂၆ တော်လှန်ရေးတပ်ဖွဲ့များ အင်းတော်မြို့ကို သိမ်းပိုက်ခဲ့သည့် ၁ နှစ်ပြည့်မြောက်သည့် ယနေ့ ဧပြီ ၇ ရက် တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်နှင့် ဗန်းမောက်မြို့တို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ်များ အင်းတော်မြို့နယ်အထိ စစ်ကြောင်းထိုးလာနိုင်ခြင်းကြောင့် ဒေသတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။ ထီးချိုင့်၊ ဗန်းမောက်၊…

ရေးတောင်ပိုင်းတွင် စစ်ကော်မရှင်တပ်ကို ညီနောင်တပ်ဖွဲ့များ ပြောက်ကျားစစ်ဆင်၊ စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံး

PSM(News) ဧပြီ ၇၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ရန်သူစစ်ကော်မရှင်တပ်၏ တိုက်ကင်းနှင့်ကာကင်းစခန်းများကို နှစ်ရက်ဆက်တိုက် ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ရန်သူ သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ရေးမြို့နယ်တောင်ပိုင်း၊ ရင်းဒိန်ကျေးရွာနှင့် ရင်းရယ်ကျေးရွာအကြား၌ တိုက်ကင်းလှည့်နေသော ရန်သူစစ်ကော်မရှင်တပ်ကို ပြီးခဲ့သည့် ဧပြီလ ၃ ရက်၊ နံနက်…

ကန့်ဘလူရှိ အရေးပါသော သဖန်းဆိပ်ဆည်နှင့် အင်တိုင်းရွာတပ်စခန်းကို စစ်ကော်မရှင်တပ်က အင်အားသုံးထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်

PSM (News) ဧပြီ ၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ စစ်ရေးအရ အရေးပါသော သဖန်းဆိပ်ဆည်နှင့် အင်တိုင်း ရွာတို့ကို အကြမ်းဖက် စစ်ကော်မရှင် တပ်က ယမန်နေ့ ဧပြီ ၆ ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်သွားကြောင်း သိရသည်။ အဆိုပါ အင်တိုင်းရွာတပ်စခန်းသည် သဖန်းဆိပ်ဆည်နှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး ပြီးခဲ့သည့်…

အမေရိကန် နျူကလီးယား ထိန်းသိမ်းရေးအဖွဲ့က အေဂျင်စီကိုယ်တိုင်ဦးဆောင်သည့် ကွန်မန်ဒိုစတိုင် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်

PSM(NEWS) ဧပြီ ၇၊ ၂၀၂၆ အမေရိကန် နျူကလီးယား စည်းမျဉ်းထိန်းသိမ်းရေး ကော်မရှင် (NRC) သည် နျူကလီးယား စက်ရုံများတွင် အေဂျင်စီကိုယ်တိုင် ဦးဆောင်ပြုလုပ်သည့် လုံခြုံရေးစစ်ဆေးမှုများကို ရပ်ဆိုင်းရန် ပြီးခဲ့သည့်အပတ်က မဲခွဲဆုံးဖြတ်ခဲ့သည်။ ယခုလုပ်ရပ်သည်နျူကလီးယားစက်ရုံများအပေါ် တိုက်ခိုက်မှုများမှ ပြည်သူများကိုကာကွယ်ရန်အစိုးရ၏ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြစ်ကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူများက ဝေဖန်လျက်ရှိသည်။ NRC သည်၁၉၉၁ခုနှစ်ကတည်းက “Force-on-Force”…

You missed