PSM(News) ဧပြီ ၆၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့တွင် အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းကျူးလွန်ကာ လူသတ်အလောင်းဖျောက်ခဲ့သူ တရားခံ မင်းမင်းစိုးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မြို့နယ်တရားရုံးတစ်ခုက သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း ယောအလင်းတန်းမှ သိရသည်။ ဆောမြို့၊ သီရိရတနာရပ်ကွက်နေ အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ မင်းမင်းစိုးက လာရောက်ခေါ်ဆောင် သွားရာမှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ထို့နောက် အောက်တိုဘာ ၂၅ ရက်တွင် ဆောမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အခန်းတစ်နေရာ၌ ပုပ်ပွနေသော အဆိုပါမိန်းကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ ပြီးနောက် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က တရားခံ မင်းမင်းစိုးအား ဖမ်းဆီးခဲ့သည်။ ယင်းနောက် NUG ၏ မြို့နယ်တရားရုံးတွင် တရားစွဲဆိုကာ ၅ လကျော်ကြာ ကြားနာစစ်ဆေးခဲ့ရာ တရားခံက ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံထွက်ဆိုခဲ့သည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်တွင် NUG မြို့နယ်တရားရုံးက တရားခံ မင်းမင်းစိုးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ဂ) အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင်လည်း ဆောမြို့ရှိ ဒေသခံပြည်သူများက တရားခံကို သေဒဏ်ချမှတ်ပေးရန် စုဝေးစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။ NUG မြို့နယ်တရားရုံးသည် တရားခံ မင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၀၂ (လူသတ်မှု) နှင့် ၂၀၁ (ပြစ်မှုဆိုင်ရာ သက်သေခံချက်ကို ဖျောက်ဖျက်မှု) တို့ဖြင့် စွဲချက်တင် စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။ ပုံစာ- ပြစ်မှုကျုးလွန်သူတရာခံအားတွေ့ရစဉ် Post navigation ဂျော့ရှုအာဗန် UFC 327 ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှ နုတ်ထွက် ၂၀၀၈ ဖွဲ့စည်းပုံချိုးဖောက်၍ ကျမ်းမကျိန်မီ ဝန်ကြီးချုပ်များခန့်ကာ ဝန်ကြီးဌာနစာရင်း တင်သွင်းသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်မှာ အာဏာရှင်သက်တမ်းတိုးပွဲသာဖြစ်