PSM(NEWS) ဧပြီ ၇၊ ၂၀၂၆ အီရန်နှင့် အမေရိကန်-အစ္စရေးတို့အကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အစ္စရေးနိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ဟိုင်ဖာ သို့ အီရန်၏ ဒုံးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ တနင်္လာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ သည် ဒုံးကျည်ကျရောက်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် အရေးပေါ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ မှတ်တမ်းတင် ဓာတ်ပုံများအရ ဒုံးကျည်ထိမှန်မှုကြောင့် အဆောက်အအုံနှင့် ပတ်ဝန်းကျင်နေရာအချို့ ပျက်စီးဆုံးရှုံးခဲ့သည်ကိုတွေ့ရှိရသည်။ ယခုတိုက်ခိုက်မှုသည် ဒေသတွင်း တင်းမာမှုများအရှိန်မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နှစ်ဖက်စလုံးမှ အပြန်အလှန် တုံ့ပြန်မှုများဆက်တိုက်ဖြစ်ပေါ်နေသည်။ ကိုးကား Reuters Post navigation အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များအပေါ် အီရန်က တုံ့ပြန်မှုများပြင်ဆင်ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား ဒရုန်းကျူးကျော်မှုအပေါ် ဆိုးလ်၏ နောင်တရကြောင်း ဖော်ပြချက်ကို မြောက်ကိုရီးယား ကြိုဆို