PSM(NEWS) ဧပြီ ၇ ၊ ၂၀၂၆ တောင်ကိုရီးယားနိုင်ငံသားတစ်ဦး၏ ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့မှုအပေါ် တောင်ကိုရီးယား အစိုးရ၏ နောင်တရကြောင်း ဖော်ပြချက်ကို မြောက်ကိုရီးယား ခေါင်းဆောင်၏ သြဇာညောင်းသော ညီမဖြစ်သူ ကင်ယိုဂျုံ က တနင်္လာနေ့တွင် ကြိုဆိုလိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့သည်။ သို့သော်လည်း နောက်ထပ်ရန်စမှုများ မပြုလုပ်ရန် ၎င်းက သတိပေး ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံဘက်က ယခုကဲ့သို့ နောင်တရကြောင်း ဖော်ပြလာခြင်းကို အသိအမှတ်ပြုသော်လည်း နယ်စပ်ဖြတ်ကျော် ကျူးကျော်မှုများသည် နှစ်နိုင်ငံ တင်းမာမှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း မြောက်ကိုရီးယားဘက်က ရှုမြင်နေသည်။ ကိုးကား Reuters Post navigation အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့တွင် လေးဦးသေဆုံး အမေရိကန် နျူကလီးယား ထိန်းသိမ်းရေးအဖွဲ့က အေဂျင်စီကိုယ်တိုင်ဦးဆောင်သည့် ကွန်မန်ဒိုစတိုင် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်