Month: August 2026

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ သဘောတူညီချက် နီးစပ်နေပြီဖြစ်သော်လည်း ရေလက်ကြားကို တစ်ဖက်သတ် ဖွင့်လှစ်ပေးမည်မဟုတ်ဟု အီရန်ဆို

PSM (News) ဩဂုတ် ၉၊၂၀၂၆ ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အိုမန်နိုင်ငံနှင့် သဘောတူညီချက် ရယူရန် အလွန်နီးစပ်နေပြီဖြစ်သော်လည်း ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် လုံလောက်မည်မဟုတ်ကြောင်း စနေနေ့တွင် အီရန်က ပြောကြားခဲ့ပြီး ရေလက်ကြားအတွင်း သင်္ဘောတစ်စီး ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ထုတ်ပြန်ခဲ့သည်။ ရေလက်ကြား၏ နှစ်ဖက်စလုံးတွင် တည်ရှိနေသော အီရန်နှင့် အိုမန်တို့ကြား…

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်က ၃၈ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့်မြောက် “ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ” အထိမ်းအမှတ်အဖြစ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်က ဦးဆောင်၍ လူစည်ကားရာ နေရာများတွင် လူထုလှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်ခဲ့ကြသည်။ အဆိုပါ လှုပ်ရှားမှုကို ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ကို ညီညွတ်စွာ တွန်းလှန်ခဲ့ကြသည့်…

စစ်ကိုင်းတွင် မိုးသည်းထန်ပြီး ဆည်ရေများ စိုးရိမ်မှတ်ကျော်လွန်၊ ကျေးရွာ ၁၅၀ ကျော် ရေနစ်မြုပ်ပြီး ၆ ဦး သေဆုံး

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်တာတမံများမှ ရေပိုဖိတ်စင်ခြင်းနှင့် မူးမြစ်ရေ လျှံတက်ခြင်းတို့ကြောင့် မြို့နယ် ကိုး မြို့နယ်ရှိ ကျေးရွာပေါင်း ၁၅၀ ကျော် ရေနစ်မြုပ်လျက်ရှိပြီး ပြည်သူ ခြောက် ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHAREM)က ထုတ်ပြန်ထားသည်။ လက်ရှိတွင်…

စစ်ကိုင်းတွင် (၃၈) နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ပြုလုပ်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့နယ် လူထုတိုက်ပွဲရေးရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု (Photo Campaign) ဖော်ဆောင်ခဲ့ကြသည်။ အဆိုပါ လှုပ်ရှားမှုတွင် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး၏…

(၃၈) နှစ်ပြည့် ၈၈၈၈ အထိမ်းအမှတ် အနီရောင် ထီးသပိတ်များကို ပြည်တွင်း/ပြည်ပ တော်လှန်ရေး အင်အားစုများ တစ်ပြိုင်နက်တည်း ဖော်ဆောင်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းရှိ စစ်မြေပြင်နယ်မြေများ၊ မြို့ကြီးများနှင့် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ ပူးပေါင်း၍ “၈” သင်္ကေတပါ အနီရောင် ထီးသပိတ် လှုပ်ရှားမှုများကို တစ်ပြိုင်နက် တည်း ဖော်ဆောင်ခဲ့ကြသည်။…

(၃၈) နှစ်ပြည့် ရှစ်လေးလုံးနေ့တွင် မြန်မာပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်မည်ဟု EU နှင့် အနောက် နိုင်ငံ သံရုံးများ ထုတ်ပြန်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ် ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံး၊ ဗြိတိန်သံရုံး၊ နော်ဝေသံရုံးနှင့် ဂျာမနီသံရုံးတို့က သဝဏ်လွှာများ အသီးသီး ထုတ်ပြန်ခဲ့ကြပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ကြိုးပမ်းမှုကို ဆက်လက် ထောက်ခံသွားမည်ဟု…

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများအား လုံးဝခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တောင်းဆို

PSM(News) ဩဂုတ် ၈၊၂၀၂၆ မြန်မာနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ် မစ္စတာ အာနိုး ဒီ ဘက်ခ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဩဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများအား လုံးဝခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဩဂုတ်လ ၇ ရက်နေ့စွဲဖြင့်…

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ ကလေးထိန်းစင်တာသို့ မော်တော်ကားဝင်တိုက်မိမှုဖြစ်ပွားရာ လူ ၁၀ ဦးခန့် ဒဏ်ရာရရှိ

PSM (Newss) ဩဂုတ် ၈၊၂၀၂၆ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာတစ်ခုအတွင်းသို့ ခရီးသည်တင် မော်တော်ကားတစ်စီး ဝင်ရောက်တိုက်မိခဲ့ခြင်းကြောင့် လူ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရတနာဝုဓဖောင်ဒေးရှင်းကသောကြာနေ့တွင်ပြောကြားလိုက်သည်။ အဆိုပါ မော်တော်ကားသည် မောင်းမြို့နယ်ရှိ ဘန်နောင်းဆောင်းတုံ ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာအတွင်းသို့ ထိုးဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဆိုသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရန်နှင့် နယ်မြေလုံခြုံရေးအတွက် ကယ်ဆယ်ရေးသမားများ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ…

ဒမတ်စကတ်ရှိ မီနီဘတ်စ် ပေါက်ကွဲမှုတွင် သေဆုံးသူမရှိဘဲ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာန ပြင်ဆင်ထုတ်ပြန်

PSM(News) ဩဂုတ် ၈၊၂၀၂၆ ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ ဆက်စပ်နယ်မြေတစ်ခုတွင် ဖြစ်ပွားခဲ့သော မီနီဘတ်စ် ပေါက်ကွဲမှုအတွင်း လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ တစ်ဦးမျှမရှိကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြင်ဆင်ထုတ်ပြန်လိုက်သည်။ ယင်းပေါက်ကွဲမှုသည် ကြာသပတေးနေ့က ဒမတ်စကတ်မြို့ဆင်ခြေဖုံးရှိ ဒရုဇ် လူမျိုးအများစုနေထိုင်ရာ ဂျာရာမာနာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒဏ်ရာရရှိသူ ၁၄ ဦးအနက် ၃…

မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အား တက္ကသိုလ်ကျောင်းသားများ ပူးတွဲကန့်ကွက်ကာ လွှတ်တော်အတွင်း၌လည်း အမတ်တစ်ဦး ဆန္ဒပြတောင်းဆို

PSM(News) ဩဂုတ် ၈၊၂၀၂၆ အာဏာလုသမ္မတမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်နှင့် လွှတ်တော်သို့ လာရောက်သည့် အစီအစဉ်ကို ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လွှတ်တော်အမတ်တစ်ဦးတို့က ပြင်းထန်စွာကန့်ကွက်လိုက်သည်။ ချူလာလောင်ကွန်းတက္ကသိုလ်၊ သမ္မာဆတ်တက္ကသိုလ်နှင့် ကာဇက်ဆက် တက္ကသိုလ် တို့မှ ကျောင်းသားအဖွဲ့အစည်း ၁၉ ခုက မြန်မာနိုင်ငံ၏ အာဏာလုသမ္မတအား ထိုင်းအစိုးရက တရားဝင်လက်ခံတွေ့ဆုံခြင်းသည် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သည်။ မင်းအောင်လှိုင်၏ ၂၀၂၁…